i'll be there 34

625 47 1
                                    

"ကိုယ်သိပ်လွမ်း​နေတာ အဲ့​နေ့က​လေအချစ်နဲ့ပြန်မ​တွေ့ရ​တော့မှာကိုအရမ်း​ကြောက်​နေခဲ့တာ"

သူ့ရင်ခွင်ထဲပိုတိုးဝင်လာတဲ့က​လေးက သူ့ခါး​တွေကိုလဲတင်းကြပ်စွာဖက်တွယ်လာပြန်သည်

"အရမ်းချစ်တယ်အချစ် အရင်ကလို​ထပ်​ဝေးရမှာသိပ်​ကြောက်​နေခဲ့တာ"

"ညတိုင်းအိပ်လို့မ​ပျော်ဘူးကိုကို ပြန်မလာ​တော့မှာ​ကြောက်လို့အိပ်လို့မရခဲ့ဘူး"

"ကိုယ်မ​ကောင်းတာပါ ကိုယ်မှားတာပါကွာ"

"ဟင့်အင်း ကိုယ်မမှားဘူး အဲ့လူ​တွေမှားတာ ကျွန်​တော်သူတို့ကိုသတ်ပစ်မှာ အရှင်မထားဘူး"

ငို​နေရင်း​ဒေါသတကြီးထ​ပြောလာတဲ့ seanစကားများ​ကြောင့် ရိ​ပေါ်အလန့်တကြား ရင်ခွင်ထဲကကိုယ်​လေးကိုဆွဲခွာလိုက်သည်

"အချစ် ဘာ​တွေလုပ်မလို့လဲ မလုပ်ရဘူး​နော် ကိုယ်ခွင့်မပြုဘူး​"

ကိုယ်ခွင့်မပြူလဲ ကျွန်​တော်ဆုံးဖြတ်ပြီးပြီကိုယ်ရဲ့ ​သေ​အောင်သတ်ပစ်မှာ

သူ​ပြောတဲ့စကားကိုအ​ဖြေပြန်မလာဘဲ မျက်ဝန်း​တွေရဲကာ လက်သီး​ကိုတင်း​နေ​အောင်ဆုပ်ထားတဲ့​ကောင်ငယ်​လေး​ကြောင့်သူသက်ပြင်းအသာချရသည် ဒီက​လေးဘာ​တွေကြံစည်​နေလဲမသိ​ပေမယ့် သူရင်ဆိုင်ရမယ့်သူက အရင်ကတည်းက အန္တရာယ်များတဲ့သူမို့ မဖြစ်သင့်တာ​တွေဖြစ်မလာ​အောင်တားမှရမယ်

"အချစ် ကိုယ်​ပြောတာကြားရဲ့လား စိတ်ကို​လျှော့ထားပါချစ်ရာ ကိုယ်တို့ဥပ​ဒေအတိုင်းသွားရ​အောင် ​နော် ချစ်​နော် ကိုယ့်စကားနား​ထောင်မယ်မှတ်လား"

Sean ချစ်ရသူစိတ်ချမ်းသာ​အောင် ​ခေါင်းအသာညိမ့်ပြလိုက်သည် လက်​လျှော့ဖို့​တော့မဖြစ်နိုင်​တော့ဘူး သူတို့ကသိပ်ကိုလွန်​နေပြီ Seanဘာလဲသိ​​အောင်ပြ​ပေးရလိမ့်မယ်

"​မင်းတို့အောက်မှာဘာထိုင်လုပ်​နေကြတာလဲ?"

နှစ်​ယောက်သားစကား​ပြောရင်း ကြမ်းပြင်​ပေါ်ထိုင်​နေတာအ​တော်ကြာသွားတာသတိမထားမိ ဦး​လေး​ဟောက်ရွှမ်းအ​နောက်က​နေလိုက်ဝင်လာတဲ့ ကျင်းလုံ​ကောအသံကြားမှ သတိရသည်

I'll be there-မင်းအနားမှာ(The Deepest S2)💛Completed💛Where stories live. Discover now