i'll be there 28

535 41 14
                                    

ပြီးခဲ့တဲ့တစ်လလုံး Sean ​ရှောင်းပါးက​နေတစ်ဆင့်စုံစမ်းခဲ့ရသ​လောက်ဆို ကျန်းလုပ်ငန်းစုက သမက်ဖြစ်သူဆီလက်လွှဲထားရတာဆိုပဲ အဲ့ဒီသူက​တော့တစ်ခြားသူ​တော့မဟုတ် ဝမ်​ချောင်တဲ့ ဒါဆို ဖန်းရှင်းနဲ့ ရီဖန်းက​ရောလို့စုံစမ်းကြည့်တဲ့အခါ ဖန်းရှင်းက အမျိုးသားတစ်​ယောက်နဲ့ယူလို့ဆိုပြီး ကျန်းသခင်ကြီးကအ​မွေပြတ်စွန့်ထားတယ်တဲ့ က​လေးတစ်​ယောက်​မွေးစားထားပြီး အဲ့က​​လေးက ဝမ်​ချောင်လက်ထဲမှာပဲကြီးပြင်းလာတာမို့ ဝမ်​ချောင်ကသိပ်အလိုလိုက်တယ်လို့​ပြောတယ်

ရီဖန်းက​တော့ ​ရှောင်းကျန့်ကိုပြန်​ပေးဆွဲပြီး​နောက် ကျန်းသခင်ကြီးက ဝမ်​ချောင်နဲ့လက်ထပ်​ခိုင်းပြီး ထိုညမှာတင် အိမ်ကထွက်သွားပြီး လုံးဝ​ပျောက်သွားခဲ့တာ အခုချိန်ထိပဲတဲ့​လေ
.
.
.
.
Seanဒီ​နေ့​ကျောင်းပြန်တက်ရမယ့်​နေ့မို့ မနက်​စော​စော ကိုယ့်ဆီအရင်ဝင်ပြီး ခါတိုင်းလုပ်​နေကျအတိုင်း မျက်နှာသစ် သန့်စင်​ပေးပြီးမှ ​ကျောင်းကိုထွက်လာခဲ့သည်

​ကျောင်းထဲ​ရောက်​ရောက်ချင်းပထမဆုံး​တွေ့လိုက်တဲ့သူ​ကြောင့် မဲ့ပြုံးပြုံးလိုက်သည်

"အဓိကပစ်မှတ် အဟက် welcome to xiao zhan world ကျန်းစစ်ဟန်"

မျက်နှာထက် မဲ့ပြုံးတစ်ခုကိုဆင်မြန်းလျက် ​ကျောင်းထဲဝင်လာရင်းက​နေ ကျန်းစစ်ဟန်ကသူ့ကို လှမ်းကြည့်​နေတာမို့ မျက်နှာအမူအရာကို အားငယ်​နေတဲ့အမူအရာဖြစ်​အောင်ချက်ခြင်း​ကောက်ပြင်လိုက်သည် စိတ်ထဲက​တော့မ​ကျေနပ်ချက်များစွာဖြင့်

*အဟက် ကျန်းစစ်ဟန် မင်းက ငါ့လူကိုထိပါး​နေမှန်းငါမသိခဲ့တာ ငါမှားတာပဲ အ​ကြွေးဆိုတာ ပြန်ဆပ်တတ်ရတယ်တဲ့*

စိတ်ထဲကကြုံးဝါးရင်း အပြင်ပန်းမှာ​တော့မျက်နှာငယ်​လေးဖြင့် ​လျှောက်​နေလိုက်သည်

သူသိပြီးပြီ​လေ ကျန်းစစ်ဟန်ကရိ​ပေါ်ကို အမြဲရန်စ​နေခဲ့တယ်ဆိုတာရယ် ဖန်းရှင်းရဲ့​မွေးစားသားဆိုတာရယ် ရိ​ပေါ်ကိုတိုက်ခိုက်ချင်လို့တမင်ချဥ်းကပ်တယ်ဆိုတာရယ် ပြီး​တော့ ဘာတဲ့ သူ့ကိုပြိုင်လုအုံးမယ်ဆိုပဲ ကားတိုက်တဲ့ကိစ္စလဲ ကားက တခြားသူရဲ့ကားမို့ တရားခံမ​ပေါ်​သေး​ပေမယ့် သိရလို့က​တော့လုံးဝ အလွတ်​ပေးမှာမဟုတ်

I'll be there-မင်းအနားမှာ(The Deepest S2)💛Completed💛Where stories live. Discover now