အပိုင်း ၂ မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့ အစားအစာကိုပဲ အားကိုးတယ်

1.3K 131 0
                                    

Chapter 146

ရှန်းယွဲ့က သူမ၏ လက်ကို ခပ်ဖွဖွ လှုပ်ခါကာ အားပေးလိုက်သည်။

စတိတ်စင်ပေါ်မှ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ကြေညာပေးသူမှာ မောက်လီ ဖြစ်နေသည်။သူမက အခြားသော အမျိုးသား စီနီယာများကဲ့သို့ ပြင်ဆင်ထားသော စကားအချို့ ပြောပြီးနောက် ပရိတ်သတ်များကလည်း တဝါးဝါးတဟားဟား ရယ်မောကြသည်။ ထို့နောက် မောက်လီက ဆုရရှိသူ အမည်ရေးထားသော ကဒ်ကို ဖွင့်လိုက်ပြီး ထိုကဒ်ပေါ်မှ အမည်ကျု တွေ့သောအခါ ခဏရပ်သွားသည်။ သူမက နှုတ်ခမ်းထောင့်များ မြင့်ဆက်လာကာ ပြောလိုက်သည်။

"ဒီနှစ်ရဲ့ ရွှေပုလဲဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု ရရှိသူကတော့...."

"ထန်ချောင်းချောင်းပါ.... ဂုဏ်ပြုပါတယ်"

ပရိတ်သတ်များကလည်း လက်ခုပ်သံများ ပေါက်ကွဲထွက်လာသည်။ ရုပ်ရှင်ထဲမှ ထန်ချောင်းချောင်း၏ သရုပ်ဆောင်မှုက အလွန် ပြောင်မြောက်လှသဖြင့် လူအများက ဤရလဒ်ကို မျှော်လင့်ထားကြပြီးသား ဖြစ်သည်။

ထန်ချောင်းချောင်းက တစ်ခဏမျှ အေးခဲသွားသည်။ သူမက ကြက်သေသေနေပုံဖြင့် ထရပ်လိုက်ပြီးနောက် စင်ဆီသို့ လျှောက်သွားရန် ပြင်လိုက်သည်။ သူမက ခြေတစ်လှမ်း ထွက်လိုက်ပြီးနောက် ဘေးသို့လည့်ကာ သူမဘေးမှ အမျိုးသားကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သဖြင့် ပွဲတစ်ခုလုံး ဆူဆူညံညံဖြစ်သွားတော့သည်။

ရှန်းယွဲ့က သူမ၏ နားလေးနားကို ကပ်ကာ တီးတိုး ပြောလိုကသည်။

"Congratulations ... အချစ်"

ထန်ချောင်းချောင်းက မောက်လီထံမှ ဆုကို ယူလိုက်ပြီး နှစ်ယောက်သားက ရင်းရင်းနှီးနှီး ဖက်လိုက်ကြသည်။ သူတို့ခွာလိုက်သည်နှင့် မောက်လီက ထိုစကားကို တိုးတိုးလေး ပြောလာသည်။

"မင်း ငါ့ကို ကျွေးရမယ်နော်"

ထန်ချောင်းချောင်းက မတတ်နိုင်ဘဲ ရယ်မောလိုက်ရတော့သည်။

သူမက တောက်ပသော အပြုံးလေးနှင့် လေးလံလှသော ဆုကို ကိုင်ကာ မိုက်ခရိုဖုန်းရှေ့တွင် ရပ်လိုက်သည်။ သူမက အလွန် လှပနေခဲ့လေသည်။

အပိုင်း ၂ မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့ အစားအစာကိုပဲ အားကိုးတယ်Where stories live. Discover now