အပိုင်း ၂ မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့ အစားအစာကိုပဲ အားကိုးတယ်

1.2K 125 0
                                    

Chapter 148

Bonus Chapter 1

လက်ထပ်ပြီး နှစ်နှစ်အကြာ မနက်ခင်းတစ်ခုတွင် ရှန်းယွဲ့က ရှောင်လုံပေါင်များ ဖြည့်ထားသော စွပ်ပြုတ်၊ အမဲသားနှင့် ပဲပိစပ် ခေါက်ဆွဲ ပန်ကန်လုံးကြီး တစ်လုံး၊ အလွန်ထူလှသော အစေ့အဆန်ပေါင်းစုံဖြင့် လုပ်ထားသော ပန်ကိတ် တို့ကို စားနေပြီး အီကြာကွေးများဆီ လက်လှမ်းလျက်ရှိသော ထန်ချောင်းချောင်းကို ကြည့်နေခဲ့သည်။

"ငါ့မိန်းမက ဒီနေ့ စားချင်စိတ် အပြည့် ရှိနေပုံပဲ"

ထန်ချောင်းချောင်းက သူ့ကို ထူးဆန်းသည့်ဟန်ဖြင့် ကြည့်လိုက်သည်။

"ကျွန်မက နေ့တိုင်း အာသီသ ကောင်းကောင်း ရှိပါတယ်နော်"

ထို အီကြာကွေးများကို အမဲသားခေါက်ဆွဲပြုတ်ထဲ နှစ်စားပါက ပိုအရသာ ရှိပေသည်။

"ခုရက်ပိုင်း ပိုစားကောင်းနေသလားလို့" ရှန်းယွဲ့က ပြောလိုက်သည်။

ထန်ချောင်းချောင်း၏ စားချင်စိတ်က သာမန်လူများထက် ပိုကြီးသော်လည်း အစားကြူးသူတော့ မဟုတ်ပါပေ။ သူမက အနပ်တိုင်း နွားတစ်ကောင်လုံး စားနိုင်သူ မဟုတ်ခဲ့ပေ။

သို့သော်လည်း လွန်ခဲ့သည့် လဝက်အတွင်း သိသိသာသာပင် သူမက ပုံမှန်ထက် ပိုစားလာခဲ့သည်။

ထန်ချောင်းချောင်းက ထိုအကြောင်းကို ကြားသောအခါ ဝါးနေသည့်နှုန်းကို နှေးလိုက်ပြီး သေချာ စဥ်းစားကြည့်လိုက်သည်။

ကြည့်ရသည်မှာ သူမက ပုံမှန်ထက် ပိုစားဖြစ်နေပုံပင်။

ထိုအချိန်၌ အန်တီဝမ်က လောလောလတ်လတ် ပေါင်းထားသော ဖက်ထုပ်ကြည်ကြည်လေးများကို ယူလာခဲ့ပြီး ထိုနှစ်ယောက်၏ စကားများကို ကြားသည့်အချိန်ကိုက် ရောက်သွားခဲ့သည်။ သူမက သာမန်ကာလျှံကာမျှ စကားတစ်ခွန်း ထပ်ပေါင်းလိုက်လေသည်။

"မဒမ်ရှန်းရဲ့ စားချင်စိတ် ရုတ်တရက် တိုးလာတဲ့ အချိန်တစ်ခု ရှိခဲ့ဖူးတယ်... အဲ့ဒါ မဒမ် ဆရာ့ကို လွယ်ထားတဲ့ အချိန်တုန်းကလေ"

ဒေါက်

ရှန်းယွဲ့လက်ထဲမှ တူများ စားပွဲပေါ်သို့ ကျသွားခဲ့သည်။

အပိုင်း ၂ မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့ အစားအစာကိုပဲ အားကိုးတယ်Where stories live. Discover now