အပိုင်း ၂ မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့ အစားအစာကိုပဲ အားကိုးတယ်

1.2K 122 0
                                    

Chapter 143

လက်ဦးမှုယူခြင်း

ညတာက ရှည်လျားခဲ့လေသည်။

...

နောက်တစ်နေ့မနက်တွင် ခန်းစီးအဟလေးများအကြားမှ နေရောင်ခြည်က အခန်းထဲသို့ ဖြာကျနေခဲ့သည်။

ထန်ချောင်းချောင်းက မူးဝေစွာ မျက်လုံးဖွင့်မိချိန်တွင် ထိုလူ၏ ခိုင်မြဲသော လက်မောင်းက သူမ ခါးကို ဖက်တွယ်ထားသည်။

သူမက အပြည့်အဝနိုးလာချိန်အထိ မျက်တောင်ခတ်ပြီးရင်း ခတ်နေခဲ့သည်။

ကောင်းချက်ပဲ... သူ မနေ့ကညတုန်းကတော့ သူမကို ဦးဆောင်ခွင့်ပေးမယ်လို့ ပြောခဲ့တာပဲ... ဒါပေမယ့် နောက်ကျတော့ရော... ယောကျ်ားတစ်ယောက်ရဲ့ ပါးစပ်ကလှည့်ဖျားတတ်တဲ့ မကောင်းဆိုးဝါးလိုပဲ"

ထန်ချောင်းချောင်းက တစ်ကိုယ်လုံး နာကျင်နေခဲ့သည်။ မကြာမီ ရိုက်ကူးရေး စတော့မည်သာ မဟုတ်ခဲ့ပါက တစ်နေ့လုံး အိပ်ရာပေါ်တွင်သာ လဲလျောင်းနေချင်တော့သည်။

သူမက ရှန်းယွဲ့၏ ဖက်တွယ်မှုများကနေ ရုန်းထွက်ရန် လုပ်လိုက်သော်လည်း ထိုယောက်ျားက သူမကို ပြန်ဆွဲချလိုက်သည်။

"ဒီနေ့ ရိုက်ရမဲ့ ဇာတ်ကွက်တွေ အများကြီး ရှိနေတုန်းပဲ"

"ဘယ်လောက်ကျလဲ... မင်းကို ဒီနေ့ တစ်ရက် ဝယ်မယ်လေ..." ရှန်းယွဲ့က မျက်လုံးပင် မဖွင့်ဘဲ ပလုံးပထွေး ပြောနေခဲ့သည်။

ထန်ချောင်းချောင်းက သူ့နှာခေါင်းကိုသာ တိုက်ရိုက် ဆွဲညှစ်လိုက်သည်။ "ဆိုးဝါးတဲ့ အရင်းရှင်သူဌေးကြီး"

ရှန်းယွဲ့က အသက်မရှုနိုင်တော့သောကြောင့် မျက်နှာပေါ်မှ ကျေနပ်အားရနေသော အမူအယာဖြင့် မျက်လုံးကို တဖြည်းဖြည်း ဖွင့်လာခဲ့သည်။

ထန်ချောင်းချောင်းက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး သူမကိုယ်ကို အခင်းနှင့် ပတ်ကာ အိပ်ရာပေါ်မှ ခုန်ထွက်ပြီး ဆေးကြောသန့်စင်ရန် ရေချိုးခန်းသို့ ပြေးသွားတော့သည်။ သူမ ထွက်လာသည့်အခါတွင် မနက်စာအတွက် အဆင်ပြေလောက်မည့် ရှန်းယွဲ့ လုပ်ထားသော ကိတ်ကို ကော်ဖီစားပွဲပေါ်တွင် တွေ့လိုက်ရသည်။

အပိုင်း ၂ မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့ အစားအစာကိုပဲ အားကိုးတယ်Où les histoires vivent. Découvrez maintenant