ဒီနေ့လည်း ဂယူဘင်း ကျောင်းနောက်ကျပြန်ပါပြီအတန်းထဲဝင်လာတော့ ဘယ်သူမှ ဆရာမကအစ ကျောင်းသားတွအထိ သူနောက်ကျတာကို အထူးအဆန်းလုပ်မနေတော့ဘူး
အကုန် သူ့ဘက်တစ်ချက်ကြည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေကြသလိုဂယူဘင်းလည်း သူထိုင်နေကျ နေရာကိုဝင်ထိုင်ပြီး သူ့သူငယ်ချင်းတွေ ကို လက်ချင်းရိုက်ပြီး နှုတ်ဆက်လိုက်တယ်
"အခုဘာလုပ်နေတာလဲ" ဂဘူဘင်းသူ့ဘေးမှာထိုင်နေတဲ့တစ်ယောက်ကိုမေးလိုက်တာ့ ဟိုတစ်ယောက်က တိုးတိုးပြန်ဖြေတယ်
"ဘတ်ဂွန်းနုကို ငါတို့အတန်း စာမေးပွဲ အဆင့်တွေ ဆရာမ ရွတ်ပြခိုင်းမလို့"
"ဟာ ပျင်းဖို့ကောင်းလိုက်တာ ဘယ်သူကဘာရမလဲ သိသာနေပြီးသားကြီးကိုဘဲ ဟိုစာဂျပိုးကောင် အဆင့်တစ်ရမှာဘဲ"
ဂဘူဘင်း ဘယ်သူကြားကြားဂရုမစိုက်ဘဲပြောလိုက်တာ ကို ဆရာမကဖြတ်လိုက်တယ်
"ကဲ အားလုံတိတ်တိတ်နေ အတန်းခေါင်းဆောင်ကို နားထောင်"
အတန်းက အစကထက်တော့ ပိုတိတ်သွားပေ့မယ့် စကားပြောနေတဲ့သူကတော့ ပြောနေတုန်းပါဘဲ
အတန်းခေါင်းဆောင်ဆိုတဲ့ ဘတ်ဂွန်းနုကထပြီး
"အဆင့်တစ် ဘတ်ဂွန်းနု"ခုန က မတိတ်ဆိတ်ရင်တောင် အခု အားလုံးတိတ်ဆိတ်သွားကြပါပြီ
ပြီးတော့ အံဩတဲ့ အသံတွေ တစ်ပြိုင်နက်ထဲ ထွက်လာကြတယ်
ဂဘူဘင်းပါ အပါအဝင် ဆံပင်အဖြူနဲ့ကောင်လေးတစ်ယောက် ထိုင်နေတဲ့နား တစ်ချို့ကလည်း မသိမသာ တစ်ချို့ကလည်း သိသိသာသာ လှမ်း ကြည့်ကြတယ်တစ်ခန်းလုံးအံဩနေကြပေမယ့် ထိုကောင်လေးကတော့ အံ့ဩပုံမရဘူး
တစ်ခန်းလုံးက ထူးဆန်းပြီးကြည့်နေလို့ နေရခက်နေပုံဘဲ"ရစ်ကီ တစ်မရဘူးလား"
"တကယ်ကြီးလား"
"wow"
"စောက်ဆန်းကြီးရော"
"နှစ်လောက်တော့ ရမှာပါ"
ဂယူဘင်းလည်း ရစ်ကီရမယ်လို့ မှန်းထားတော့ အံဩတာပေါ့
'အမြဲတမ်း တစ်ရတယ်ဆိုပြီး ဘဝင်မြင့်နေတဲ့ စာဂျပိုးကောင် ကဘာဖြစ်တာပါလိမ့်'
![](https://img.wattpad.com/cover/353845146-288-k837705.jpg)
YOU ARE READING
Blackmail
Fiksi Penggemar"kim gyuvin ငါဘာလုပ်ထားလို့ ငါ့အပေါ်အဲ့လိုလုပ်နေတာလဲ" "ဒီတိုင်းပါဘဲ ပျင်းလို့" #enemies to friends to lovers #but they are not really that bad enemies where rik has the biggest crush on his tutor bin, a cool older college student but bin's brother...