~9~

3.6K 108 5
                                    

ဝသုန်ခုဆို ဦးနဲ့နေလာတာ 2လပင်‌ေကျာ်တော့မယ်။ အရင်လိုအမြင်ကပ်တာရှိပေမဲ့ တည့်တာတွေလဲရှိသည်။ ညတိုင်းအလိုလိုအစားခံရပေမဲ့ မနက်ကျရင် ခေါင်းအစခြေအဆုံး အကုန်လုပ်ပေးသည်။ ညဆို ကျားတစ်ကော်လိုကြမ်းတမ်းပီး နေ့ဆို ခွေးလိမ်မာလေးလို အလိုက်တသိအကုန်လုပ်ပေးသည်။ ဦး~ဟုတ်ပါရဲ့ ဝသုန် ဦးနဲ့တည့်ပီးနောက်ပိုင်းအပြင်မှာလဲ ဦးလို့ပင်ခေါ်တော့သည်။ ဦးက ဝသုန့်ထက်၁၀နှစ်ကြီးပေမဲ့ ဦးလို့ပင်ခေါ်ချင်သည်။ ဘယ်ကနေဘယ်လိုစလဲမသိ ဦးဘက်ကသာ ကလေးငယ်လို့ခေါ်လိုက်တိုင်း လူက လိပ်ပြာလေးတွေဝဲတက်သလိုပင် ရင်ဘက်ထဲ ကုလားဘုရားလှည့်သည့်အလာ တဒုန်းဒုန်းနဲ့ ခုန်မြည်လွန်းလို့ ဦးမှာတောင်စိုးရိမ်နေရသည်ပင်။ ဒါဟာ ချစ်သည်လား ဝသုန်မသိ သေချာတာတော့စွဲလမ်းမိသွားသည်။

" ကလေးငယ် ပြင်လို့ဆင်လို့မပီးသေးဘူးလား "

ဟုတ်ပါရဲ့ ဝသုန်ကျောင်းသွားဖို့ မှန်ရှေ့ပြင်နေတုန်း ရေချိုးတပတ်ကိုအောက်ပိုင်းပဲ ပတ်ပီး အနောက်ကနေသိုင်းဖက်ကာ ပခုံးပေါ်‌မေးတင်၍ မေးလာသော သုန့်ရဲ့ဦး~

" ဟာ ဦးနော် ရေလဲမသုတ်ပဲ ကျွန်တော့ အကျီတွေစိုကုန်မယ် ဖယ်တော့ "

ဝသုန် တံတောင်နဲ့ ဦးခါးကိုတွတ်ကပြောတော့ ပိုတိုး၍ဖက်လာပီး လည်ပင်းကိုနမ်းလာသေး ဦး.....

" ရွှတ်* အကျီတွေရှိတာပဲဟာ ဒီနေ့မသွားနဲ့ "

" ဟော...ရမလားဗျ ဖယ်ပါ ဝသုန်သွားရတော့မယ် "

" အဲ့ဆို ကိုယ်လိုက်ပို့မယ်လေ "

" အွန်း ကျွန်တော် အကျီထုတ်ပေးခဲ့တယ် နော် အောက်မှာစောင့်နေမယ် "

ဝသုန် laptop အိတ်လေးယူကာအောက်ထက်က်ုဆင်းလာလိုက်တယ်။ ဦးနဲ့တည့်ပီးနောက်ပိုင်း ဦးရဲ့ ဝေယျာဝစ္စ ကိုသူပဲအကုန်လုပ်ပေးရသည်ပင်။

" သုန်သုန် အလုပ်သွားတော့မို့လား "

" အွန်း ခန့်ခန့် ဒီနေ့ဦးလိုက်ပို့မယ်တဲ့ "

" မင်းတွက်နွားနို့ အော်ပီးတော့ဒီမှာ ဒိုက်ပါ "

ဇွဲခန့် ကျွတ်ကျွတ်အိတ်အမဲ တစ်ခုကို ဝသုန့်လက်ထဲထည့်ပေးသည်။ ဝသုန်ကြည့်တော့ လစဉ်သုံးပင်။

💮 Oo 💮Where stories live. Discover now