ရွှေဝင့်လွှာရယ် ဘုန်းနေခရယ် ငွေရုပ်လွှာလေးရယ် တိရိစ္ဆာန်ရုံကအပြန် ကန်တော်ကြီးထဲက Garden Bistroမှာ ကလေးမလေးကdimsumစားမယ်ေပြာတာကြောင့်ဝင်စားလိုက်ကြသည်။
"ဟက် နေခ "
"ပြော "
"ငါ နင့်ကုမ္ပဏီမှာ ရှယ်ယာထည့်ချင်တယ် "
"ဘာကိစ္စ "
" ငါလဲဒီတိုင်ကြီးနေရမှာပျင်းတယ်လေဟာ ငါ့သမီးရှေ့ရေးတွက်ကြိုးစားရအုန်းမယ်ဟ "
" အရင်လိုငွေမက်တုန်းပဲနော် "
" နင်ကလဲ ငါ့ကိုစိတ်ဆိုးနေတုန်းလား ဟင် "
" နင့်စောက်ကြောင်းငါကတွေးနေစရာလား "
လွှာ ခရင်းနဲ့ဇွန်းကိုချလိုက်ပြီး အစားပဲငုံ့စားနေတဲ့နေခခေါင်းကို လက်ညိုးနဲ့သွားထိုးလိုက်သည်။
"နင်ကလေ ဘယ်ကဘယ်လိုရိုင်းစိုင်းတာတွေတက်သွားရတာတုန်း ဟွန့် "
နေခ စားနေတာကိုရပ်လိုက်ပြီး လွှာ့ကိုဂျိုကြည့်ကြည့်လိုက်သည်။
" ငါ့ခေါင်းကိုနင်ကဘာမို့လာထိရတာလဲ "
" မမကလေးလေးကအရင်တိုင်းခေါင်းကိုင်တာမကြိုက်သေးဘူးပေါ့လေ "
နေခကငယ်ငယ်ထဲက သူ့ခေါင်းကိုင်တာမကြိုက်သူပင်။သူနဲ့တွဲနေစဉ်တစ်လျောက် သူ့ခေါင်းကိုင်လျှင် ပြန်မအော်ပေမဲ့ဆူပုတ်ပုတ်လေးနှင့်။အခုလဲအရင်တိုင်းကိုင်တာမကြိုက်ပေမဲ့ ဆူပုတ်မဲ့အစား မျက်နှာမှာမာတင်းနေသည်။
"လွှာ!!ငါ့ခေါင်းကိုမထိနဲ့ ထက်ထိရင်နင်အသေပဲ "
" ဟွန့် ရတယ်လေမထိဘူး "
နေခအော်ပြီးအမိန့်ဆိုသလိုပြောလာတာကြောင့် ရွှေဝင့်လွှာ ခေါင်းကိုဟိုဘက်ကိုချာခနဲ့လှည့်ကာနေလိုက်သည်။ဒါဟာသူနဲ့နေခ အရင်ချိန်က လွှာစိတ်ကောက်ရင်လုပ်တက်တဲ့အကျင့်ပေ။ထိုအချိန်ဆို နေခတစ်ယောက်ပြာပြာသလဲလိုက်ချော့ရှာသည်။အခုလဲခေါ်မလားလို့လုပ်ကြည့်ပေမဲ့ ထင်ထားတာနဲ့ကွဲပြားစွာ နေခစားရင်းဖုန်းကြည့်နေသည်။
"မာမီ ချိတ်ချိုးနေတာရားဟင် ရုပ်လေးဘာလုပ်ပေးရမယဲ"
အရင်ထဲကတရုတ်စကားသာအများဆုံးပြောရပြီးတရုတ်ကြားထဲနေခဲ့ရတဲ့သမီးလေးကမြန်မာစကားကိုကလေးသံနှင့်မပီကလာပီကလာပြောကာ နေခလှီးပေးထားတဲ့ဒင်ဆမ်းအတုံးလေးတွေကိုကရင်းလေးနှင့်ထိုးရင်းသူ့ကိုပေးလာတဲ့သူ့မင်းသမီးလေးပင်။
YOU ARE READING
💮 Oo 💮
Fanfiction" ခင်ဗျားကြီး ကိုကျွန်တော်မချစ်ဘူး" " မင်းမချစ်ပေမဲ့ မင်းအပေါက်လေးက မလွှတ်ချင်ဘူးတဲ့ "