ပထမဆုံး တွေ့ဆုံခြင်း

159 1 0
                                    

သဲတုံး နဲ့ငါ တွေ့ဆုံပုံက ရှင်းပါတယ် အရက်ဝိုင်းတစ်ခုမှာလေ
အဲ့နေ့ကအလုပ်မှာ ဝိုင်းဖွဲ့ကြတော့
ငါလဲ ခပ်တည်တည်နဲ့ ရောက်ချ သွားတာဘဲ

အမှန်တော့ ငါက အဲ့အလုပ်ကနေ ထွက်ပီး သား
အရက်ဝိုင်း ဆိုတာ နဲ့ ငါက အသင့်ရောက်ပီးသား
ဘယ်နေရာ နောက်ကျကျ အဲ့နေရာ တော့
ငါက ထိပ်ဆုံး နဲ့ အတက်ကြွဆုံးဘဲ.....

အဲ့တုန်းက ငါတို့နှစ်ယောက် ဆက်ဆံရေးက
မျက်မှန်းတန်းမိရုံ နာမည် တွေကတော့ သိကြပါတယ် တခြားသူတွေ ပြောပြထားလို့ လေ

အဲ့မှာ လုပ်စရာ ရှိတာ လုပ်ကြရင်း
သူက တယောက်ချင်းစီ ဓာတ်ပုံရိုက် ပေးမယ် တဲ့
အဲ့တာနဲ့ တယောက်ပီး တယောက် ရိုက်ကြရော
ငါ့အလှည့်ရောက်တော့ ငါလဲ ခပ်တည်တည်နဲ့ အရက်ပုလင်းကိုင်ပီး ရိုက်တာဘဲ ပေါ့

အရက်ဝိုင်းမှာ သောက်ကြရင်း သူများတွေ သီချင်းဆိုရင် သူက ဝေဖန်ရေး သမား
သူများမရတာဆို သူကပြောပြောပီးရယ်တယ်
အမှန်လဲ သူက ဘာမှမရတဲ့ သူ

အဲ့ဝိုင်းမှာ သူ့အကိုက ငါ့အနားတိုးပီး
စကားတွေ လာပြော အရက်တွေ ခွက်တိုက် အသားကင်တွေ ကျွေးနဲ့ အလုပ်တွေ ရှုပ်နေတာ
သူကြည့်နေတာ ငါက မသိဘူး..

ငါလဲ သူ့အကို ကို ငြင်းရင်း စ ရင်း
သောက်လိုက် စားလိုက် ရတဲ့ သီချင်းလေးများ လာရင် လိုက်ဆိုလိုက် ဆေးလိပ်လေး ဖွာလိုက်နဲ့ အဆင်ကို ပြေလို့ပေါ့....

အဲ့အချိန် သဲတုံးက စိတ်ဝင်စားလို့ ကြည့်နေခဲ့ပေမယ့် သူက တခြားသူနဲ့ တွဲနေခဲ့တော့ ငါစိတ်ဝင်စားတာတောင် ငါက စိတ်ဝင်စားကြောင်းမပြဘဲ နေခဲ့လိုက်တာ... သူ့ကိုလဲ သတိမထားမိတာပါမှာပေါ့
အဲ့အကြောင်းတွေ ကို နောက်သူနဲ့ တွဲ ဖြစ်တော့မှ ပြောပြလို့သိရတာ...

အဲ့မှာ ဝိုင်းသိမ်းပီး အခန်းပြန်အိပ်မလို့လုပ်တော့ တခြားသူတွေက ဆက်စရာ ဝိုင်းရှိလို့ ဆိုပီး ထွက်သွားကြပါလေရော...အဲ့တာနဲ့ ငါနဲ့ သူ့အကိုဘဲ ကျန်တယ်... သူ့အကိုက တော့ မူးပီး အိပ်ပျော်နေပီ
ငါလဲ ဝိုင်းသိမ်းပီး အားနေတာနဲ့ ဖုန်းဘဲ ထိုင်ကြည့်နေလိုက်တယ်...ဘယ်လောက်သောက်သောက် မထရင်တော့ မမူးဘူး ထလျှောက်မိရင်တော့ ချာချာကို လည်လို့...

သူ့အကို က နိုးလာတော့ ငါ့အပြင် တယောက်မှ မရှိတာနဲ့ ငါထိုင်နေတဲ့ အနား လာတိုးအိပ်ပြန်ပါလေရော....နောက်မှ ဟိုဘက်ဝိုင်းပီးလို့ သူတို့ပြန်လာတော့မှ သူ့အကို ကိုခေါ်ပြန်ပီး ငါတို့လဲ အခန်းပြန်ခဲ့လိုက်တယ်...

ပြန်တဲ့အချိန်လှည့်ကြည့်လိုက်တော့ သူ့မျက်နှာကြီးသုန်မှုန်နေတာ ဘာကိုအလိုမကျမှန်းတော့မသိဘူး
ငါနဲ့သူ့အကို နှစ်ယောက်တည်း ကျန်နေလို့လား မဟုတ်ရင် မူးနေလို့လားတော့ ငါလဲ မသိပါဘူး....

လမ်းခွဲရန် တစ်လ အလိုWhere stories live. Discover now