နောက်တနေ့ မနက် ကျတော့
ဟိုတယ် ကနေ အိမ်ပြန်လာခဲ့ကြတယ်
နှစ်ယောက်သား လက်လေးတွဲ
စ နောက်ရင်း ပြန်လာကြတာ
ကြင်စ ဦး ဇနီး မောင်နှံ တွေ အတိုင်းဘဲ....နောက် ခွဲရမယ်ဆိုတော့လဲ
Ph တွေနဲ့ ဘဲ အပြန်အလှန် ဆက်သွယ်ရင်း
LDRS ဘဝနဲ့ ဘဲ အလွမ်းဖြေကြပါမယ်ပေါ့...ခွဲ ကြပီး တလ လောက်အထိက နေ့စဥ်ရက်ဆက်
လွမ်းတာ သတိရတာ စာပို့တာ ဖုန်းခေါ်တာ တွေက တရက်မပျက်ခဲ့ဘူး...ခနဘဲ တွေ့ဖြစ်ကြပေမယ့်
ငါ့ကိုငါ တောင် မသိလိုက်ခင်မှာဘဲ
အများကြီး ချစ်မိသွားမှန်း သိခဲ့တယ်
သူလဲ အဲ့ဒီလိုဘဲ ဖြစ်လိမ့်မယ် လို့ ငါထင်ထားခဲ့တယ်...တလ အကျော်လောက် ကြာတော့ သူ့စာတွေ ဖုန်းတွေက ကြဲလာတယ်
တခါတခါ နှစ်ရက် သုံးရက်လောက်နေမှ ပို့တယ်
တခါတလေ ကျတော့လဲ တပတ်လောက်ကြာတယ်
အဲ့ဒီတော့ ငါလဲ မနေနိုင်တော့ မေးပါလေရော...ဘာလို့လဲ အလုပ်ရှုပ်နေလား
ပြသနာ တက်နေတာလား
တခုခု ဖြစ်လို့လား ပေါ့....သူကတော့
သူအဆင်ပြေပါတယ်
နေကောင်း ပါတယ် တဲ့နောက်ဘာလို့
လူကိုစိတ်ပူအောင် လုပ် တာလဲ ဆိုတော့
သူ အလုပ်ရှုပ်ပီး မအား လို့ပါတဲ့ငါက လူတမျိုး
ငါချစ်ပီဆိုရင် အဲ့ဒီလူရဲ့
အကြောင်း အကုန်စုံ သိချင် လိုက်လုပ်ပေးချင်တယ်
ပြောပြစေချင်တယ် ရင်ဖွင့်စေချင်တယ်
ဖေးဖေးမမ နဲ့ အတူတူရင်ဆိုင်ချင်တယ်..
အဲ့လူရဲ့ အစစ အရာရာကို
လိုက်လုပ်ပေးချင်တာ
ပျော်နေစေချင်တာ
ငါ အများကြီး လွှမ်းမိုး မိသွားတယ်ထင်ပါရဲ့
ငါ့အပင်လေးက ငါ့အရိပ်အောက်မှာ
မရှင်သန်ချင်တော့တဲ့ ပုံဘဲ....နောက်ပိုင်း ငါ သတင်းကြားတာက
သူ့မှာ ကောင်မလေး ရှိပါတယ် တဲ့
ပီးတော့ အဲ့ကောင်မလေး က
ငါ့ထက်အရင် သူတွဲတာ ကြာပီ ဆိုတာဘဲ
တွေးကြည့်တော့ ငါက တတိယ လူ ဖြစ်နေခဲ့တာ
ငါ့ကမ္ဘာလေး တုန်လှုပ်သွား သလိုဘဲ....သူငါ့ကို ဘာလို့ ချစ်တာလဲ မေးတုန်းက
"သဲတုံး က အသက်ဆက်ရှင် သန်ချင်တဲ့
မျှော်လင့်ချက်လေး ဖြစ်ခဲ့လို့" ပါလို့
ဖြေဖူးတယ်....

YOU ARE READING
လမ်းခွဲရန် တစ်လ အလို
Short StoryNormal ပါဘဲ လက်တွေ့နဲ့ ပေါင်းပီး စိတ်ကူးယဥ် ဆန်ပါတယ်