Day 3

28 0 0
                                    

မနက် ရောက်တော့ သဲတုံးက
သူ့ရင်ခွင် ထဲက ငါ့ရဲ့ နဖူးကို ဖွဖွလေး နမ်းရင်း
"မောင် နေထွက်ချိန် သွားကြည့်ကြမယ်ဆို" လို့
ပြောပီး နှိုးတော့မှ
"အာ...ဟုတ်သားဘဲ နောက်တောင်ကျပီလား မသိ"ဆိုပီး ငါက ကုန်းရုန်းထတော့
သူက ပြုံးပီး ကြည့်နေရင်းနဲ့မှ
"နောက်မကျသေးပါဘူး ထ မျက်နှာ သစ်ပီး သွားရအောင်လေ" ဆိုတော့မှ
ထပီး မျက်နှာ သစ် ကိုယ်လက်သန့်စင်ပီး အိမ်ကနေ ထွက်ခဲ့ကြပါလေရော....

အိမ်ကနေထွက်လာပီး လှေခါးထစ်တွေ အများကြီး ရှိတဲ့ တောင်တခု ပေါ် တက်သွားရမယ်ဆိုတော့
တယောက်ကိုတယောက် ပြုံးပြဖြစ်ကြတယ်
ပီးတော့ နှစ်ယောက်သား မတိုင်ပင်ဘဲ လက်တွဲ ဖြစ်ကြတယ်...အဆုံးထိ လက်တွဲ မဖြုတ်ဘဲ အတူတူ တက်ကြမယ်ဆိုတာ မျက်ဝန်းကနေ တဆင့်ဘဲ ပြောပြဖြစ်ကြတယ်။ဘေးဘက် ဟိုဒီ ကြည့်ရင်း တဝက်လောက်ရောက်တော့ ရှေ့က တက်နေတဲ့ သူ့လက်ကို လှမ်းဆွဲတော့....
လှည့်ကြည့်ရင်း "မောနေပီလား ခန နားမလား" တဲ့
ငါလဲ "ဟုတ်" လို့ပြောရင်း သူဓာတ်ဆားဗူးလေး အဖုံးဖွင့်ပြီး ကမ်းပေးတော့ တချက်မော့လိုက်ပီး သူ့ကို ကမ်းပေးလိုက်တယ်...သူကလဲ တချက်ထပ်မော့လိုက်တယ်...အဲ့လိုမျိုး က သွယ်ဝိုက်ပီး kiss ပေးတဲ့ သဘောမျိုး ဆိုတော့ တယောက်မျက်နှာ တယောက်ကြည့်ပီး ရယ်မိကြပါလေရော..မသိရင် စတွဲတုန်းက မသိသလို သိသလို အချိန်ကိုပြန်ရောက်သွားသလို မျိုး တမျိုးကြည်နူးရပြန်တယ်....
ခနနားရင်း တအောင့်လောက်ကြာတော့ ခရီး ထပ်ဆက်ကြတယ်...
ငါက တောင်တက်ရတာ ကြိုက်တယ်
အဲ့တာကြောင့် သူက အများကြီးတော့ စိတ်မပူဘူး
တက်လာရင်း တောင်ထိပ်ရောက်တော့ နေက ထွက်တဲ့ အချိန်ရောက်နေပီ
"ဝါး....တအားလှတာဘဲ" ဆိုပီး ပုံလေးရိုက် အမောဖြေရင်း မျက်လုံးလေးမှိတ် နှုတ်ခမ်းလေး ဆူထားတော့ သူက
"အဲ့တာ ဘာလုပ်နေတာလဲ"တဲ့
နေထွက်ချိန်မို့ နေရဲ့ အနမ်းကို ခံစားနေတာလေ
စိတ်ထဲ ဘာမှမတွေးဘဲ မျက်လုံး လေးမှိတ်ခံစားကြည့်ပြောတော့(အဲ့တာ ဇာတ်ကားတခုထဲက ဇာတ်ဝင်ခန်းကို သဘောကျလို့ ထည့်ရေးထားတာပါ)
"မောင်ဘဲ လျှောက်တွေးပီး ပေါက်ကရ ပြောတတ်တယ်" ဆိုပီး ရယ်နေရင်း တိတ်သွားတော့
ငါက ဘာများလုပ်နေတာလဲ ဆိုပီး လှည့်ကြည့်တော့မှ ကို့လူက အဲ့လို ပေါက်ကရ ကို လိုက်လုပ်နေလေရဲ့....ကိုလဲ သူ့နှုတ်ခမ်း တွေကို နမ်းချင်ဇော ကြည့်နေတာ သူဘယ်အချိန်မျက်လုံးဖွင့်ပီး ကို့ကို ကြည့်နေမှန်း မသိလိုက်ဘူး...နောက်မှ နှုတ်ခမ်း ကနေ မျက်လုံး ဆီကို အကြည့်ရောက်တော့ သူ့ကြည့်နေမှန်း ခုမှ သိတော့ သူခိုးလူမိသလိုမျိုး ကမန်းကတန်း  ဒီဘက် ကို လှည့်တော့ မမှီတော့ဘူး...
သူက ငါ့ခေါင်းကို  ကိုင်ပီး နှုတ်ခမ်း ကိုလာနမ်းနေပီ...
အဲ့ဒီအချိန် နေလဲ ထွက်လာတော့
နေကိုနမ်းပီး ခံစားတဲ့နှစ်ယောက်
တယောက်ကိုတယောက် နမ်းနေတဲ့
တထပ်တည်းကျတဲ့ အချိန်က လှပတဲ့ ပန်းချီကားလေး တစ်ချက် အဖြစ် အမှတ်တရ ယူနိုင်ခဲ့တယ်.....

အများကြီး လွမ်းနေခဲ့ကြသလိုမျိုး
တမေ့တမော နမ်းပီးမှ အရှိန်သတ်ဖို့ သတိရကြတယ်...တကယ်( အရှက်မရှိတဲ့ အတွဲပါဘဲ: )
နောက်တော့ တောင်ထိပ်ပေါ် နေထွက်ချိန်နဲ့ ပုံလေးတွေ သိမ်းဖို့ ရိုက်ရင်း လိုက်ကြည့်လို့ ဝ တော့မှ ပြန်ဆင်းလာခဲ့ကြတယ်....

တောင်အောက်ရောက်တော့
မနက်စာ သွားစားတဲ့ဆိုင် ဝင်ကြတယ်
"သဲတုံး နေ့လည် ဘာလုပ်အုံးမလဲ" လို့ ငါမေးတော့
"အိမ်မှာဘဲ ရုပ်ရှင်ပြန်ကြည့်ပီး နားကြမယ်လေ
ညကျ ကလပ်သွားရအောင်
မသွားနိုင်ရင်လဲ အိမ်မှာဘဲ သောက်ကြတာပေါ့"
"အိုကေလေ အာ့ဆို စားပီး နေ့လည် အိမ်ပြန်နားကြတာပေါ့ "
"ဟုတ်ကဲ့" ဆိုတော့
ငါက "လိမ်မာ နေတာ" ဆိုပီး ခေါင်းကို ပုတ်ပီး ဆံပင်တွေကို ဖွပစ်လိုက်တယ်...
ငါလေ သဲတုံးကို ဘယ်လိုနေနေ အသဲယားပီး ချစ်ရတယ်....ငါ့အပိုင်ဘဲ ဖြစ်စေချင်တော့တာ ငါမမှားဘူးမလား...

စားသောက်ပီး ပိုက်ဆံရှင်းပီး အိမ်ပြန်လာခဲ့ကြတော့
သူ့လက်မောင်းကို တွဲခဲ့တဲ့ လမ်းတလျှောက်လုံးမှာ ငါ့အပိုင် လေးကို ငါမပေးချင်တော့ဘူး ဆိုတဲ့
အသိဘဲ ရှိတော့တယ်...တကယ် ငါလေ အတ္တကြီး ချင်တယ်....အဲ့လောက်တော့ ငါအတ္တကြီးသင့်တယ်လို့ မထင်ဘူးလား...

လမ်းခွဲရန် တစ်လ အလိုWhere stories live. Discover now