Warning (21+)

95 0 0
                                    

အိမ်ပြန်ရောက်တော့ ခနနားပီး ရေမိုးချိုးကြတယ်
သူအရင် ချိုးမယ် ငါအရင်ချိုးမယ်နဲ့
စုံစံစိ ကစားပီး သူနိုင်သွားတော့
ငါ့ နဖူးကို မနာအောင် တောက်ပီး ရေချိုးခန်းထဲ ဝင်သွားလေရဲ့...

ငါကတော့ ဖုန်းခနသုံးပီး ဟိုဒီ ကြည့်ရင်းစောင့်နေလိုက်တယ်..တအောင့်ကြာတော့ သူရေချိုးခန်းကနေထွက်လာပီး အောက်တပိုင်းဘဲ အဝတ်ပတ်ထားတော့ အပေါ်ပိုင်း 6 pack နဲ့ ခန္ဓာကိုယ် ကို ငါငေးကြည့်နေမိတယ်...တံတွေးတွေလဲ မျိုးချ မိတာ နှစ်ခါ မကဘူး...နောက်မှ အသိပြန်ဝင်လာပီး ရေချိုး ခန်းထဲ ပြေးဝင်သွားလိုက်တယ်...အထဲရောက်တော့ မျက်လုံး ထဲ သူ့ပုံရိပ်တွေဘဲ စွဲနေပီး တော်တော်လဲ ဖျောက်မရ ဖြစ်သွား တယ်...

ငါရေချိုးခန်းထဲက ထွက်လာတော့ သူက အပြင်ဘက်မှာ စာအုပ်ဖတ်ရင်း ထိုင်နေတာ..... တကယ် ငါပိုင်ဆိုင်ချင်တဲ့ အမျိုးသားလေးက ဒီလိုမျိုး လဲ ကြည့်ကောင်းတာဘဲ ဆိုပီး ငါ့မှာ ငေးကြည့် ရပြန်တယ်...ချစ်တော့လဲ ဘယ်လို ဖြစ်ဖြစ် ချစ်နေရတော့တာပါဘဲ...

ငါအဝတ်လဲ ပီး သူ့အနားထိုင်တော့ ပေါင်ပေါ် ထိုင်ခိုင်းတယ် သူက ဖတ်လက်စ စာအုပ်ကို ဒီတိုင်းဖတ်နေတယ်...

"စာအုပ်က စိတ်ဝင်စား စရာ ကောင်းလို့လား သဲတုံး" ဆိုပီး ငါက မေးတော့
"ဟုတ် ဒီမှာ ဒီအပိုဒ်က တရားခံ မိတော့မှာ မို့ တရားခံ အစစ်ကို သိချင်လို့ ခနလေး နော်" တဲ့
ငါလဲ "ဟုတ် "ဆိုပီး သူဖတ်နေတဲ့ နေရာကနေ လိုက်ဖတ်လိုက်တယ် ....အဲ့ အပိုဒ်ပီးသွားတော့ စာအုပ်ကို ဘေးချ ထားလိုက်တယ်....
"ဒီလိုမျိုး ကျနော် နဲ့ နေရတာ ပျော်လား" ဆိုပီး သူမေးတော့
"သဲတုံး နဲ့ဆို ဘယ်လို အခြေနေဘဲ ရောက်ရောက် ပျော်တယ်....တသက်လုံး နေခွင့်ရရင် နေချင်တယ်" လို့ ပြောလိုက်တယ်
"ဘာလို့ နေခွင့်မရ ရမှာလဲ "ဆိုတော့

"မသိဘူးလေ ဟိုမိန်းကလေးက ရှိနေတာကို" လို့ပြောလိုက်တော့
"တခြားဟာပြော ကျနော် တို့ နှစ်ယောက်ပျော်စရာ အချိန်လေးကို အဲ့တာတွေကြောင့် စိတ် မညစ်ချင်ဘူး" တဲ့
ငါ့စိတ်ထဲမှာတော့ သြော် သဲတုံး ရယ် လို့ဘဲ ပြောနိုင်တော့တယ်....

လမ်းခွဲရန် တစ်လ အလိုWhere stories live. Discover now