ရထားပေါ် ရောက်တော့ နှစ်ယောက်သား တိတ်ဆိတ် လို့ရယ်...
ငါလဲ အပြင်ဘက် ငေးနေလို့လား
သူဘဲ အစဖော်စရာ စကားလုံးမရှိလို့လားတော့ မသိဘူး
ငါတို့ ကြားမှာ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ် လွန်းနေခဲ့တယ်...သူက ငါ့လက္ကို လှမ်းဆွဲပီး ပါးမွာ ကပ္ထားတာ ငါလှည့်ကြည့်တော့
"လက်ဖျားတွေကအချိန်ပြည့် အေးစက်နေတာ နောက်ခါနွေးနွေး ထွေးထွေး နေနော်"တဲ့
ငါက ညဘက်တွေနဲ့ တခုခု ကြောက်နေတာတို့ စိုးရိမ်နေတို့ဆို အဲ့လိုဘဲ အေးနေတတ်တာ
"ဟုတ်ကဲ့ " လို့ပြောတော့
ငါ့ခေါင်းလေးကို လှမ်းပုတ် ငါ့ဆံပင်တွေကို ဖွပစ်ရင်း
"လိမ္မာ နေတယ် " တဲ့
ငါသူ့ဘက်လှည့်ပီး ပြုံးပြရင်း
"သဲတုံး နဲ့မို့လို့လေ " လို့
ငါက သိပ်ဆိုးတဲ့ ကလေး တယောက် ဖြစ်ချင်ခဲ့တာ
ဒါမယ့် အခွင့်ရေးက ငါ့ဘက်မရှိတော့
နောက်ဆုံး တွေ့ဆုံ ရခြင်းတွေမှာလဲ သူ့ကို စိတ်ချမ်းသာစေချင်တယ်... သူ့အပြုံး တွေကို ငါထာဝရ သိမ်းဆည်း ရအုံးမှာ...."ဘာလို့ အပြင်ဘက်ချည်း ငေးနေတာ
ကျနော့်ကို မကြည့်ချင်လို့လား "ဆိုတော့
"မဟုတ်ပါဘူး အပြင်ရှုခင်းတွေက သိပ်လှတယ်
သဲတုံး လဲ တအားချစ်ဖို့ကောင်းတယ်
နှစ်ခုလုံး က မပိုင်ဆိုင်ရဘဲ ငေးကြည့် ရုံဘဲ တတ်နိုင်တဲ့ အရာတွေ ဘဲ မလား...
ဖတ်ဖူးတဲ့ စာအုပ်လေး တအုပ်ထဲကလိုဘဲ
ချစ်ခြင်းမေတ္တာရယ်...ဘာလို့များ ဘဝ အဆက်ဆက် ငေးနေရပါလိမ့် တဲ့....မောင်နဲ့ တူလို့လေ ငေးရင်း သတိရလို့ တွေးမိနေတာ...."ဆိုတော့ငါ့ကို သူ့ရင်ခွင် ကျယ်ကြီးထဲ ဆွဲ သွင်းရင်း
"အများကြီး မတွေးပါနဲ့ကွာ
အတူ ရှိတုန်းတော့ ပျော်စရာတွေဘဲ
ဖန်တီးကြမယ်လေ နော် " တဲ့
ငါကလဲ နေခွင့်ရတဲ့ အချိန်လေး မှာ
သူ့ရင်ခွင် ထဲကနေ
"အင်းပါ " လို့ ပြောခဲ့တယ်......တငြိမ့်ငြိမ့် သွားနေတဲ့ ရထား ပေါ်ကနေ
လယ်ကွင်းတွေနား ဖြတ်သွားတဲ့ အချိန် ဆို
စိမ်းစိုပီး သိပ်လှတာဘဲ
ကောင်းကင်မှာလဲ တိမ်စိုင်လေးတွေက
ပုံစံ မျိုးစုံနဲ့ ကြည်လင်နေတာ
အရမ်းလှပတဲ့ မြင်ကွင်းကို
သူ့ရင်ခွင်ထဲကနေ တိုးဝင်ပီး ကြည့်နေရတာ
ဘယ်လောက်များ စိတ်ချမ်းသာပီး ကြည်နူးစရာ ကောင်းလိုက်သလဲ....ငါလေ ဒီအခိုက်အတန့်လေးကို ရပ်တန့်ထားချင်လိုက်တာ...
YOU ARE READING
လမ်းခွဲရန် တစ်လ အလို
Short StoryNormal ပါဘဲ လက်တွေ့နဲ့ ပေါင်းပီး စိတ်ကူးယဥ် ဆန်ပါတယ်