အခန်းထဲမှာ သူတယောက်တည်း အလုပ်တွေ ရှုပ် အထုတ်တွေ သိမ်းပြီး တော့ ရေချိုး ခန်းကနေ ပြန်လာတာ ထင်တယ်...
အိပ်နေတဲ့ ငါ့ကို ရေစက်တွေနဲ့ တောက်ပီး နှိုးတယ်.."မောင် ထ မျက်နှာ သစ်
လန်းသွားအောင် ရေ ပါချိုး လိုက်လေ
ထမင်းစားဖို့ ထွက်ဝယ်ရင်း အပြင်ဘက် လျှောက်ရအောင်"သူ့အသံက ချိုချို စာစာ လေး
ငါကလဲ အိပ်နေပီဆိုရင် မ ထ ချင်တဲ့ အမျိုး ဆိုတော့
"အွန်း.. မထချင်ဘူး ထပ်အိပ်ချင်သေးတယ်" ဆိုပီး သူ့ကို ဆွဲထားတယ်ငါဘယ်လောက်တောင် အိပ်လိုက်လဲ မသိ
အခန်းတွေ နဲ့ အိမ်က ရှင်းလင်းပီး ပစ္စည်း တွေက နေရာ တကျနဲ့ မိုးတောင် လင်းနေပီ"မရဘူး ထ" ဆိုပီး သူက ကောက်ချီ ပီး ရေချိုးခန်းစီ ပို့ပေးတော့ ငါ့ခမျာ မျက်နှာသစ် ရေချိုး လိုက်ရတယ်
"အကြာကြီး ချိုးမနေနဲ့...အေးတယ်"
အပြင်က သူ့အသံကြားမှ သီချင်းဆိုရင်း ရေချိုးတာ လက်စသပ် လိုက်ပီး အခန်းပြင်ထွက်လာ လိုက်တယ်...နောက်တော့ ငါက ပေါ့ပေါ့ပါးပါးလေး ဝတ်
သူ့ကိုလဲ ငါနဲ့ အရောင်မကွဲတာလေး ဝတ်ဖို့ မှာလိုက်တယ်အိမ်ပေါ်က ဆင်းလာတော့ သူက ငါ့ကို သူ့လက်လေး ကမ်းပေးတယ်...
ငါကတော့ လက်လေးချိတ်"ဘယ်အရင်သွားကြမလဲ သဲတုံး " မေးတော့
"အရင်ဆုံး တခုခု သွားစားမယ် ပီးရင် စျေးဝယ် ထွက်ကြမယ် "
"အိုကေ...သွားကြမယ်" ဆိုပီး သွားကြပါလေရောဒီလို အချိန်တွေက အမြဲတမ်း အတွက် ဖြစ်နေခဲ့ရင် သိပ်ကောင်းမှာ လို့ တွေးမိတယ်...
ငါလောဘကြီးမိပေမယ့် ငါအတ္တ မကြီး မိဘူးမလား သဲတုံး...အိမ်ပြင်ထွက်လာရင်း လမ်းထိပ်ရောက်တော့
သူက ဟိုဘက် သွားမယ် ငါက ဒီဘက် သွားမယ်နဲ့
ညှိမရတော့ စုံ စမ် စိ လုပ်ပီး နိုင်တဲ့ သူ သွားချင်တဲ့ ဘက် သွားကြေး"စုံ စမ် စိ". ..ဟ ဟ
ကျနော် နိုင်သွားပီ" ဆိုပီး လူကို နဖူးတောက်မလို့ လက်ရွယ်တော့ ငါက မျက်လုံး မှိတ်မိသွားတော့
ငါ့နှဖူးပေါ် နဖူးတောက်တဲ့ လက်အစား
နူးညံ့ အိစက်နေတဲ့ သူ့နှုတ်ခမ်း နွေးနွေး ဘဲ ရောက်လာတယ်...ငါမျက်လုံး ဖွင့်ကြည့်တော့ သူကပြုံးပြတယ်...ငါက သူ့ရင်ဘတ် ကို မနာအောင် ထုတော့ လက်ကို လမ်းဆွဲ ရင်း...
"ဒီဘက်သွားကြမယ် " ဆိုပီး လက်ချင်းတွဲ လျှောက်ခဲ့တယ်...
YOU ARE READING
လမ်းခွဲရန် တစ်လ အလို
Short StoryNormal ပါဘဲ လက်တွေ့နဲ့ ပေါင်းပီး စိတ်ကူးယဥ် ဆန်ပါတယ်