အပိုင်း 1
"နိုးပဲ မေမေ....သား အိမ်ပြန်မလာဘူး.....ကိုကိုက သားကိုအိမ်ပြန်ဖို့ပြောမှ သားပြန်လာမယ်....အခုတော့ သားခြေဦးတည့်ရာသွားနေမာပဲ"
စကားလုံးတစ်လုံးချင်းစီကို ပီပီသသပြောနေသောသားဖြစ်သူရဲ့အသံကြောင့် ဒေါ်နှင်းနွယ်ခေါင်းပင်မူးလာသည်။
ငယ်စဉ်ကတည်းက ဖြစ်တည်လာသော သားဖြစ်သူရဲ့အကျင့်က အခုထိမပျောက်သေး။ စိတ်ကို အလောင်းအစားလုပ်နိုင်လွန်းသည်။ငယ်ငယ်ကဆို သူ့ကိုချစ်တယ်လို့တစ်ခွန်းပြောမှ စာတစ်လုံးရေးတာမျိုး၊ဒီနေ့ မိုးရွာမှ ကျောင်းသွားမယ်ဆိုတာမျိုး၊သူစိမ်းတစ်ယောက်ကသူ့ကိုချစ်စရာလေးလို့ပြောမှ အငိုတိတ်မယ်ဆိုတာမျိုး၊ စနေနေ့တိုင်း သူနှင်းဆီပန်းရမှ ထမင်းစားတတ်တာမျိုး စသဖြင့်အမျိုးမျိုးလုပ်လေ့ရှိသည်။
"သား.....ပူစီလေးပါသားနဲ့ပါသွားတာလေ...သားရဲ့ကလေးလေးဗိုက်ဆာနေလိမ့်မယ်....ပြန်လာပါသားရယ်...နောက်ပြီးတော့ သားရဲ့ကိုကိုနဲ့ သားနဲ့ဇာတ်လမ်းကပြီးပြီမလား...မဆိုင်တော့တဲ့သူတစ်ယောက်ဆီက ဘာတွေမျှော်လင့်နေဦးမာလဲသား"
မဆိုင်တော့တဲ့သူဆီက ဘာတွေမျှော်လင့်နေဦးမာလဲ သားဟူသည့်စကားက နှင်းဆက် ရင်ကိုမီးစနဲ့ထိုးသလိုနာကျင်ရသည်။
မေမေ့ရဲ့စကားတွေကြောင့် နှင်းဆက် ကိုကို့ကိုပိုလို့လွမ်းလာသည်။2နှစ်တာသံယောဇဉ်ကို ကိုကိုမို့လုပ်ရက်သည်။နှင်းဆက် ကိုကို့အကြောင်းတွေးတိုင်း ဘယ်ဘက်ရင်ဘတ်နားကစူးစူးအောင့်လာသည်။ကိုကိုနဲ့သူနဲ့ရဲ့အမှတ်တရတွေက လွယ်လွယ်မေ့ဖျောက်လို့ရနိုင်ပါ့မလား။ဒါပေမယ့် ကိုကို သူ့ဆီနောက်တစ်ခေါက်ပြန်လာချင်တယ်ပြောရင် သူလုံးဝလက်ခံမည်မဟုတ်။
ဖောက်ပြန်ခံရတဲ့ခံစားချက်ကို အသက်16နှစ်အရွယ်ကတည်းကစသိခဲ့တာဖြစ်သည်။စိတ်ဒဏ်ရာတစ်ခုလိုဖြစ်နေခဲ့တာကို ကိုကိုက ကုစားပေးခဲ့သည်။သူ့စိတ်ဒဏ်ရာတွေပျောက်ခါမှ ကုစားပေးခဲ့တဲ့သူက တစ်ဖန်ရက်စက်ခဲ့သည်။
ကိုကိုက ရယ်ရသည်။ကိုကိုက အံ့သြစရာကောင်းသည်။ကိုကို....ကိုကိုဆိုတဲ့နာမ်စားလေး။သူမြတ်မြတ်နိုးနိုးနဲ့ခေါ်ခဲ့ဖူးတဲ့ကိုကို။သူစိတ်ချလက်ချ ဆိုးလို့ရတဲ့ရင်ခွင်တစ်ခု။ သူ့စိတ်ဒဏ်ရာတွေ ကုစားပေးခဲ့တဲ့သူ။သူ့အတွက်ဆိုအသင့်ရှိနေပေးတဲ့သူ။သူ့ကို အရာရာဆုံးမပေးခဲ့တဲ့သူ။ကိုကို့လိုလူက သူ့အားအခုလိုလုပ်လိမ့်မယ်ဆိုတာ သူမယုံနိုင်။
YOU ARE READING
ကိုကြီး သားကို တကယ်ချစ်ရင် သားလက်ပေါ် လိပ်ပြာလေးလာနားပါ(Completed)
Romance#Bl#Romance#punishment type