အပိုင်း 6

600 36 22
                                    

အပိုင်း 6

နှင်းဆက် ကိုကြီးနဲ့ ချစ်သူဖြစ်တာကို မေမေတို့ကိုပြောပြခဲ့သည်။ မေမေတို့ကလည်း လက်ခံပေးသည်။
ကိုကြီးကလည်း သူ့ရဲ့မိဘတွေနဲ့နှင်းဆက်ကို မိတ်ဆက်ပေးခဲ့သည်။

ဘာလိုလိုနဲ့ ကိုကြီးနဲ့သူနဲ့ချစ်သူဖြစ်တာ3လပြည့်လေပြီ။

ဒီနေ့ ကိုကြီးနဲ့ အတူ ဘွားဘွားရှိရာ မတ္တရာကိုသွားဖို့အစီအစဥ်ရှိသည်။ ကိုလေး နိုင်းခန့်ပါ ပါမည်။

"သား...အောက်မှာ ရနှောင်းနဲ့ သားကိုလေး ရောက်နေပြီ ပြင်လို့မပြီးသေးဘူးလား"

"ဟုတ်ပြီးပြီးမေမေ"

အိမ်အောက်ထပ်ကိုရောက်ရောက်ချင်း ကိုလေးနိုင်းခန့်က သူ့ကိုအော်ကာပြောလိုက်သည်။

"ကြာတာကွာ...ပဲများနေတယ် ဒီရုပ်ကဒီရုပ်ပဲကို"

"ကိုလေးထက်တော့ အများကြီးချောတယ်...လာသွားကြမယ်လေ...မေမေ သားတို့သွားပြီ"

နှင်းဆက် ကားပေါ်ရောက်ရောက်ချင်း ကိုကြီးပေါင်ပေါ်မှာတက်ထိုင်လိုက်သည်။ကိုကြီးက ဂျင်းဘောင်းဘီနဲ့T shirtအဖြူကိုဝတ်ထားသည်။ကိုကြီးက အမြဲဂျင်းနဲ့တီရှပ်ပဲဝတ်သည်။
ပသိုင်းမွှေးရေးရေးနဲ့ကိုကြီးမျက်နှာက ကြည့်ရတာမဝ။

"ကိုလေး ကိုလေးပဲကားမောင်း...ကိုကြီးကိုသားပြောစရာရှိလို့"

"...."

နှင်းဆက်  ကိုကြီးရဲ့လည်ပင်းကိုကိုင်ကာ...

ပြွတ်စ်

"နှင်းဆက်...ငါရှိတယ်နော်"

"မမြင်ချင်ယောင်ဆောင်ထားပေး"

"ကလေး...ကိုလေးရှိနေတာကို တော်တော့...ပြော ဘာပြောမာလဲ"

"ဘာမှ ပြောစရာမရှိပါဘူး...ကိုလေးကိုသေချာကားမောင်းစေချင်လို့... သားက ကိုကြီးပေါင်ပေါ်ဒီလိုလေးထိုင်လိုက်ချင်လို့"

နိုင်းခန့်ဇော် သူ့ညီလေးကို တကယ်မနိုင်။
နှင်းဆက်ရဲ့ပုံစံက တစ်ခါတစ်လေ တက်ကြွသည်။
တစ်ခါတစ်လေ ငြိမ်သက်နေသည်။
တစ်ခါတစ်လေ စိတ္တဇဆန်သည်။
ဘာပဲဖြစ်ဖြစ် နှင်းဆက်ပျော်နေတာမြင်ရတာ သူ စိတ်ချမ်းသာသည်။

ကိုကြီး သားကို တကယ်ချစ်ရင် သားလက်ပေါ် လိပ်ပြာလေးလာနားပါ(Completed) Where stories live. Discover now