[ဒီနေ့ Double updateနော်🤭]
အပိုင်း 5
နှင်းဆက်တစ်ယောက် ကြည်လင်သောမျက်နှာနဲ့ မှန်ရှေ့မှာ ကျောင်းသွားဖို့ပြင်ဆင်နေသည်။
ဒီနေ့မှ သူ့ရဲ့မျက်နှာဟာ ပိုကြည့်ကောင်းနေသယောင်ယောင်။
မန္တလေးရဲ့ဆောင်းအလှဟာလည်း ခါတိုင်းနေ့တွေထက်ပိုပြီးပြည့်စုံနေသယောင်ယောင်။
အခန်းထဲက မေမေ့ပန်းချီတွေဟာလည်း ပိုပြီးလှနေသယောင်ယောင်။
လည်ပင်းတွင် ပတ်ထားသော မာဖလာလေးဟာလည်း အရင်နေ့တွေထက် ပိုပြီး အနွေးဓာတ်ကိုပေးနေသယောင်ယောင်။
အရာအားလုံးဟာလှပနေသည်။ပြည့်စုံနေသည်။
ကြည်လင်နေသည်။ခံစားချက်လည်းကောင်းနေသည်။အချစ်ကြောင့်လား...အချစ်က လူတွေကို ပျော်ရွှင်အောင်လုပ်နိုင်သည်။ဝမ်းနည်းအောင်လည်းလုပ်နိုင်သည်။လွမ်းဆွေးရအောင်လည်းလုပ်နိုင်သည်။
အချစ်ရဲ့ စွမ်းအားက ကြီးလွန်းသည်။နှင်းဆက် မနေ့ညက ကိုကြီးကို အိပ်မက်ထပ်မက်သည်။အိပ်မက်ထဲတွင် ကိုကြီးကသူ့အားပွေ့ဖက်ထားသည်။နောက်ပြီး ကိုကြီးက သူ့နှုတ်ခမ်းကိုနမ်းသေးသည်။ လိပ်ပြာကလေးက သူနဲ့ကိုကြီး အနားမှာ ဝဲလို့နေသည်။ ထိုအိပ်မက်မျိုးကို နှင်းဆက် ညတိုင်းမက်ချင်မိ၏။
နှင်းဆက် တစ်ယောက်တည်းကြည်နူးနေစဥ်.....
Ring...Ring...
"Hello"
"ကိုကြီးပါ "
"အာ...ကိုကြီးလား...သားတောင် ကိုကြီးအကြောင်းတွေးနေတာ"
နှင်းဆက် သူ့ကိုယ်သူ သားလို့သုံးလိုက်မိသည်။
"ဘာတွေတွေးနေတာလဲ နှင်းဆက်က"
"မနေ့ညက အိပ်မက်ထဲ ကိုကြီးက သားကို နမ်းတယ်လေ"
နှင်းဆက် သွယ်ဝိုက်ပြောမနေတော့ဘဲ တည့်သာပြောလိုက်သည်။
"ဟမ် ဟုတ်လား...နှင်းဆက်ရဲ့အိပ်မက်က ထူးဆန်းလိုက်တာ"
"ဟီး"
"ကိုကြီး...သား ကျောင်းသွားဖို့ပြင်နေတာမို့ ဖုန်းချလိုက်တော့မယ်နော်..."
YOU ARE READING
ကိုကြီး သားကို တကယ်ချစ်ရင် သားလက်ပေါ် လိပ်ပြာလေးလာနားပါ(Completed)
Romance#Bl#Romance#punishment type