အပိုင်း 11

412 17 22
                                    

အပိုင်း 11

မီးထက်ရှားငယ် မမနှင်းပြောပြသော သူ့အတိတ်ကိုနားထောင်ရင်း စျာန်ဝင်နေမိသည်။

"မမနှင်း...ဘယ်လိုဆက်ဖြစ်လဲဟင်...ပြောပြဦး"

"ကိုလေးရဲ့ကောင်မလေး ဇင်မာလှိုင်က ရောက်ချလာပြီး ဘာလုပ်လဲဆိုတော့....."

"အမ အမ...အမ.. ကိုကြီးချမ်း ဘယ်မာလဲ"

"ဇင်"

"ကိုကြီးချမ်း ကိုကြီးချမ်းက ဒီမာလား...ညီမ ဖုန်းတွေခေါ်နေတာကျ တစ်ချက်ဂရုမစိုက်ဘူး...အခုကျ...ဘာတွေလဲ...သူတို့ဒီဘက်ထွက်လာတာမြင်လို့လိုက်လာတာ ကွက်တိကိုတွေ့တာပဲ"

ဇင်မာလှိုင် ငိုနေမိသည်။
ချစ်ရသူ ကိုကြီးက ကိုယ့်ထက် သူ့ညီမကို ပိုပြီးဦးစားပေးနေတာလား။

"အမ...အမ ကိုကြီးအပေါ်မှာဘာစိတ်တွေဖြစ်နေတာလဲ...အမ မရိုးသားဘူးမလား...အမ ကိုကြီးချမ်းကိုချစ်နေတာမလား... မညာနဲ့"

"တောက်...ဇင်မာလှိုင်... ဘာစကားတွေပြောနေတာလဲ...ငါနဲ့ငါ့ညီမကိုမစော်ကားနဲ့...မင်းရဲ့ဖုန်းမကိုင်တာက ဖုန်းအားမရှိလို့အ​ဆောင်မှာသွင်းထားခဲ့တာ...မောင်နှမတွေကိုဘယ်လိုစကားတွေပြောနေတာလဲ...သဝန်တိုလို့ရတယ် သဝန်မကြောင်နဲ့ဇင်မာလှိုင်"

ချမ်းပြည့် ဒီအခြေအနေကြီးကိုလုံးဝသဘောမကျ။နှင်းနုကလည်းခေါင်းငုံ့ပြီးသာငိုနေသည်။

"ကိုချမ်းပြည့်ဖြိုးအောင်...အကိုနဲ့ညီမ ပြတ်ပြီ"

"အင်း မင်းသဘောပဲ"

ဇင်မာလှိုင် ဂီတခန်းကနေ ငိုပြီးအ​ဆောင်ကို ပြန်ကာသွားလိုက်သည်။
ချမ်းပြည့်လည်း ဘာမှမဖြေရှင်းချင်တော့ပေ။

................

1မိနစ်လောက် ဘာမှမပြောဘဲငြိမ်သက်နေသောကိုလေးက နှင်းနု ဖုန်းကိုဆွဲယူလေသည်။

"ကိုလေး"

"မင်းပါးစပ်ကို ပိတ်ထား"

မျက်လုံးတွေရဲနေပြီး အသံတွေက တင်းမာနေသည်။
အကြည့်တွေက ကြောက်စရာကောင်းသည်။
ဖုန်းကို ဆွဲယူလိုက်သောလက်ကိုကြည့်မိတော့အကြောတွေကထောင်နေသည်။

ကိုကြီး သားကို တကယ်ချစ်ရင် သားလက်ပေါ် လိပ်ပြာလေးလာနားပါ(Completed) Where stories live. Discover now