အပိုင်း 3

558 21 26
                                    

အပိုင်း 3

ည....တိတ်ဆိတ်နေသောည။ နှင်းဆက် ပြတင်းပေါက်ကိုဖွင့်ကာ ကြယ်လေးတွေကို ငေးကြည့်နေမိသည်။လေနုအေးအေးလေးရဲ့ ထိတွေ့မှုကိုလည်းခံစားရသည်။ မြို့ရဲ့ အလှအပတွေကိုလည်း သူငေးမောကာကြည့်နေမိသည်။မျက်တောင်ခပ်ရမှာပင် နှမြောရလောက်အောင်အထိ လှပနေသော မန္တလေးရဲ့ည။
ထိုညတွေမှာ ချစ်ရသူနဲ့Night outထွက်ဖူးသည်။ချစ်ရသူနဲ့ သူနဲ့ရဲ့ခြေရာတွေ အပြည့်ရှိနေသော မန္တလေး။
နှင်းဆက် ထိုမန္တလေးကို သိပ်ချစ်သည်။ မန္တလေးလို့အသံကြားရုံနဲ့တင် သူ့နှလုံးခုန်သံတွေပုံမှန်မဟုတ်။
အဲ့သည်လောက်တောင် တန်ခိုးကြီးမားသော မန္တလေး။
စွမ်းအားတွေနှင့် ပြည့်နှက်နေသော မန္တလေး။
မန္တလေးက သူ့အတွက် အနှိုင်းမဲ့ပင်။

"အာ့"

နာလာသော ဒဏ်ရာကြောင့် နှင်းဆက် ပြတင်းပေါက်ကိုပိတ်ကာ မှန်ရှေ့တွင် သွားထိုင်လိုက်သည်။

မှန်ထဲက သူ့မျက်နှာကိုတွေ့သော်.....

"အား....ဟိုလူ ငါ့ကို တကယ်ဆော်တာပဲ....ကျွတ် ကျွတ် နာလိုက်တာ....ဒါနဲ့ ငါ ဘာလို့ သူများပစ္စည်းကို ဖျက်ဆီးခဲ့ရတာလဲ....ငါ မှားတယ်မလား....ဟမ် နှင်းဆက်မောင်....မင်းမှားတယ်မလား"

နှင်းဆက် မှန်ကို ကြည့်ကာ တစ်ယောက်တည်းစကားပြောနေသည်။သူ့ပုံစံက အနည်းငယ် စိတ္တဇဆန်သည်။
ထို့နောက် ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်သည်။

"နှင်းဆက်......မင်း ကို သူများပစ္စည်းမဖျက်ဆီးရဘူးလို့ ကိုကို ပြောထားတယ်မလား....အပြစ်ရှိလားဖြေ"

နားထဲတွင် ကိုကို့အသံတွေကို ကြားယောင်နေမိသည်။
နှင်းဆက် လက်နှစ်ဖက်နဲ့ နားကိုအုပ်ထားသော်လည်း အသံတွေက ဆက်တိုက်ကြားနေရသည်။
အရင်က ကိုကိုဆုံးမခဲ့ဖူးတာတွေ မျက်လုံးထဲပေါ်လာပြန်သည်။ ကိုကို့ရဲ့စွမ်းအားတွေက ပြင်းလွန်းသည်။ကိုကို့ပုံရိပ်တွေမြင်လာတိုင်း၊ကိုကို့ကိုလွမ်းတိုင်း နာစရာနှင့်သာဖြေရမည်။

"အား....ထွက်သွား....ကျနော့်စိတ်ထဲကနေ ကိုကိုထွက်သွား....ကျနော် ကိုကို့ကို သေချာmove onမာ"

ကိုကြီး သားကို တကယ်ချစ်ရင် သားလက်ပေါ် လိပ်ပြာလေးလာနားပါ(Completed) Where stories live. Discover now