အပိုင်း(၆)

7.9K 287 0
                                    

Unicode

" သုတမောင်လေး အမတို့ ပြန်တော့မယ်
တစ်ယောက်ထဲ ကျန်ခဲ့လို့ ဖြစ်ရဲ့လား"

ကန်သင်းရိုးပေါ်ကနေ သူရှိနေတဲ့ လယ်ကွယ်ဘက်လို့ အမအေးနိုင်က အသံကျယ်ကျယ်ဖြင့် အော်ပြောနေသည်။ ကောင်းကင်မှာ မည်းမှောင်နေပြီး လေပြင်းများလည်းတိုက်နေသည်။ အချိန်အခါမဟုတ် မိုးရွာတော့မည်။

" ဖြစ်တယ်အမ ကျွန်တော်ဒီနားလေးပြီးရင် လိုက်လာမယ်
အမတို့ အရင် ပြန်နှင့်လိုက်လေ "

" အေးအေး အဲတာဆို အမတို့ပြန်ပြီနော်
မိုးရွာလာရင် မပြီးလည်း ပြန်ခဲ့နော်"

" ဟုတ်ကဲ့ အမ "

နောက်လှည့် လှည့်ကြည့်ဖြင့် ပြန်သွားသော
အမနှစ်ယောက်ကို သုတအကြာကြီးမကြည့်နိုင်ပါ။
မိုးမရွာခင် လက်စသပ်စရာများကို အပြီးလုပ်ရမယ်။

————————

" ရန်ကြီး ပြန်ရအောင် မိုးမှောင်ကျလာပြီ ရွာတော့မှာ
ဒိုးလုံးကို ဟိုဘက်တဲက ကိုဓာတ်ရှင်တို့လင်မယားနဲ့
အပ်ခဲ့မယ်လေ"

" မင်းပြန်နှင့် ငါ ကိုတိုးမောင် လာတဲ့အထိ
စောင့်လိုက်အုံးမယ် အရီးကအိမ်မှာ တစ်ယောက်ထဲ
ပြန်တော့ "

အိမ်မှာ တစ်ယောက်ထဲကျန်ခဲ့သော အမေကို စိတ်ပူသဖြင့်
သာဒင် တစ်ယောက်ထဲသာ ပြန်လာခဲ့သည်။

ဒိုးလုံး အဖျားကြီးနေလို့ ကိုတိုးမောင်က
ဆေးဆရာသွားခေါ်သည်။ တောင်နှင့်မြောက် ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ကိုတိုးမောင်က တော်တော်နှင့်ပြန်မလာ။
မိုးရွာလည်းမတတ်နိုင်ပါ။ ကိုတိုးမောင်က ဒိုးလုံးကို ကြည့်ပေးထားဖို့ မှာခဲ့သည်။ သူမျက်နှာလွဲ မလုပ်နိုင်ပါ။

" ဆရာ ကြွပါ "

ဆေးဆရာကြီးသည် အိမ်ပေါ်အမြန်တက်လာပြီး
ဖြူရော့နေသော ဒိုးလုံးကို ကြည့်ပေးနေသည်။

"ကလေးက အအေးပတ်တာကြောင့်ရယ် နဂိုထဲက
ကိုယ်ခန္ဓာအား နည်းတာကြောင့်ရယ် ပေါင်းဖြစ်သွားတာ
ငါ ၃ရက်စာ ဆေးစပ်ပေးခဲ့မယ် ၀င်အောင်တိုက် "

ဆေးဆရာပြန်သွားမှ ရန်ဘုန်းအောင်လည်း အိမ်ပြန်လာခဲ့သည်။
လေပြင်းကြောင့် လမ်းပေါ်တွင် သစ်ကိုင်းအများအပြား။
ခြေလှမ်းတွေကို ၂ဆ မြန်လိုက်ရသည်။ မုန်တိုင်းပါ၀င်တော့မည်နှင့်တူတယ်။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now