အပိုင်း (၁၂)

7.7K 325 11
                                    

Unicode

ညက အကိုပြောတဲ့ သူဌေးကုန်း ပွဲရုံမှာ အလုပ်သွားလုပ်ရမည် ဆိုတဲ့စကားကြောင့် သုတ အစောကြီးနိုးလာရသည်။ သူထသည့်အချိန်သည် ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်းပင်မခေါက်ရသေးသည့်အချိန်ဖြစ်သည်။

ဆန်ဆေး ထမင်အိုးတည်ထားကာ မီးခဲလေးများ ရသည် အထိ စောင့်နေလိုက်သည်။ နီနီရဲရဲ မီးခဲလေးများရသည်နှင့် ခရမ်းချဉ်သီးမှည့်များကို မီးခဲပေါ်တင်ကာ ဖုတ်ထားလိုက်သည်။ ညမှရုတ်တရက်ပြောသည်မို့ ပြင်ဆင်စရာ ဟင်းစား မရှိပေ။ ငရုတ်သီးစပ်စပ်လေးနဲ့ ခရမ်းချဉ်သီး ဖုတ်ထောင်း။ ဆားသိပ်ထားသော ငါးကြော်ရန်သာ တွေးလိုက်သည်။

ဝေကျနေသည့် ထမင်းအိုးကို ဖွင့်လိုက်ပြီး ယောင်းမနဲ့ မွှေကာ ဆန်စေ့အပျော့အမာစမ်းလိုက်သည်။ ဆန်စေ့ပျော့နေသဖြင့် ထမင်းအိုးငှဲ့ရန် ပြင်လိုက်ပြီး ခရမ်ချဉ်သီးများကို အပေါ်အောက် ပြောင်းပြန်လိုက်ပေးလိုက်သည်။ အပေါ်တရေကြည် အနည်းငယ်ငှဲ့ပြီး တစ်ယောက်စာ ထမင်းရည်အနည်းငယ် ယူထားလိုက်သည်။

အပေါ်ခွံကွာနေပြီဖြစ်သော ခရမ်းချဉ်သီးများကို ဆယ်ယူကာ စလုံးထဲထည့်ထားပြီး ဇွန်းနဲ့ ကြေသည့်အထိခေါက်လိုက်သည်။
ထောင်းထားသည့် ငရုတ်သီး မီးဖုတ်များကိုထည့်လိုက်ပြီး ကင်ပြီးသားငါးပိ နံနံပင် ဆား အချိုမှုန့် ငံပြာရည် တို့နှင့် နှံ့အောင်နယ်ပြီးသည်နှင့် ဟင်းတစ်မျိုးရပြီဖြစ်သည်။

နှပ်ထားသည့် ထမင်းအိုးကိုချလိုက်ပြီး ဒယ်ဒိုးတင်လိုက်ကာ ဆီဆူသည်အထိ စောင့်နေလိုက်သည်။ ဆီဆူသည်နှင့် ငါးဆားနယ်များကို မကျေမကပ်အောင် ကြော်ပြီးသည်နှင့် ထမင်းဟင်းချက်ခြင်းပြီးဆုံးပြီဖြစ်သည်။

" အစောကြီးထတာလား "

" နိုးပြီလားအကို မျက်နှာသစ်လိုက်လေ ကျွန်တော် ထမင်းကြမ်းပြင်ထားလိုက်မယ်"

"အင်း"
.
.
.
.

မျက်နှာသစ် အိမ်ပေါ်တက်လာချိန်တွင် အသေးလေးသည်
ဘုရားဝတ်ပြုနေပြီဖြစ်သည်။ ပြင်ဆင်ထားသော ထမင်းကြမ်းစားစဉ်နေစဉ် ထမင်းရည် ပန်းကန်ကိုင်ထားေသာအ သေးလေးကြောင့် မျက်မှောင်ကျုံ့လိုက်သည်။ ခန္ဓာကိုယ် သေးသေးလေးနဲ့ မနက်စာ ကောင်းကောင်းမစားဘဲ ထမင်းရည်သောက်နေသော
အသေးလေးကို ပြောစရာရှိတာ ပြောရတော့သည်။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now