အပိုင်း (၉)

7.6K 301 5
                                    

Unicode

" ဘယ်လို ဖြစ်ရတာလဲ ရန်ကြီးရာ "

" အလုပ်လုပ်မလို့တဲ့ေလ "

" အေးလေ ဒါတော့လုပ်ရမှာပေါ့ကွ "

ဒါဆန်းသလား။ လက်လှုပ်မှ ပါးစပ်လှုပ်ရမှာ။ သူရော ရန်ကြီးရော
ကြက်တိုက် ဖဲရိုက်တာအပြင် ဘာမှမလုပ်တတ်။ တစ်ဖက်ကအလုပ်လုပ်မယ်ဆိုတော့ ဘယ်လောက်ကောင်းသလဲ။

"ငါက သူ့ယောက်ျား သူ့ကိုနေမလောင်အောင်ထားချင်တာ
ငါနဲ့ယူလိုက်လို့ သူ့ဘ၀ ပျက်ပြီလို့ပြောနေတဲ့ ရွာထဲကပါးစပ်ပေါက်တွေကို ပိတ်ပစ်ချင်တာ "

" ဟ ရန်ကြီး ခြေမွေးမီးမလောင် လက်မွေးမီးမလောင်မဟုတ်ဘူးလားကွ "

" ငါက ထမင်းဟင်းမချက်တော့ဘူး အဲတော့ နေပူထဲ ပင်ပင်ပန်းပန်း မလုပ်ရအောင်တော့ ငါရှာကျွေးနိုင်တယ် "

လက်စသတ်တော့ ရန်ကြီးက အသစ်စက်စက် ယောက်ျားလေးကို
သူဌေးသားလို လက်ပေါ်တင် ဖူးဖူးမှုတ်ထားချင်တာ။ ဟိုက အလုပ်လုပ်မယ်ဆိုတော့ ဒေါသထွက်တာ ဒါကြောင့်ကိုး။ ညီမမှာ သာရှိရင် ရန်ကြီးနှင့် ပေးစားပြီး ယောက်ဖတော်ပစ်မှာ။

" သာဒင် ငါတို့ အလုပ်တစ်ခုလုပ်ရအောင် အရင်ကငါတစ်ယောက်ထဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် နေလို့ရတယ် ခုသုတ ငါ့ဘ၀ထဲရောက်လာတော့ ကြက်တိုက် ဖဲရိုက်ရုံနဲ့ မရတော့ဘူး"

အဝေးကို ကြည့်ကာ ဆွေးဆွေးမြေ့မြေ့ ပြောလာသည့် ရန်ကြီးကြောင့် သူတို့ဖြတ်သန်းခဲ့သည့် ဘ၀ကို ပြန်တွေးမိသည်။

" မင်းက ဘာလုပ်ချင်လို့လဲ မင်းနောက်မှာ ငါရှိတယ်နော်
ဒါပေမယ့် ကိုယ်ပိုင်အလုပ်ဆို ပိုက်ဆံအရင်းအနှီးလိုတယ်ကွ "

သာဒင်အပြောကြောင့် သက်ပြင်းချမိသည်။ သူ့လက်ထဲတွင် ပိုက်ဆံများများမရှိပါ။ တစ်ကိုယ်ထဲဖြစ်တာရော ကြက်တိုက်ရင် ငွေရွှင်တာကြောင့်ပါ ရသမျှပိုက်ဆံ အကုန်သုံးပစ်တတ်သည်။ အရေးကြုံလာရင် သူ့လက်ထဲ ငါးပြားတောင် မနဲဖမ်းဆုပ်ရမည်။

ပိုက်ဆံ လေးငါးထောင်လောက်နှင့် သူများလက်အောက် မလုပ်ချင်ပါ။ ရန်ဘုန်းအောင်တို့ပိုက်ဆံမရှိပေမဲ့ မာနတော့ကြီးသည်။ တစ်သက်လုံး ဘယ်သူမှဂရုမစိုက်သလို နေခဲ့ပြီးမှ ယောက်ျားရကာမှ ရှိတဲ့ မာနလည်း ခေါက်သိမ်းရတော့မည်။ သူ့ကို ယူပြီးမှ မျက်နှာငယ်ရတဲ့အဖြစ်မျိုး မဖြစ်စေချင်ပါ။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now