အပိုင်း(၃)

8.6K 357 4
                                    

Unicode
ထန်းတောဘက်သို့ သွားမည့် ခြေလှမ်းတွေကို ဆေးဆရာ အိမ်ဘက်သို့ ဦးတည်လိုက်သည်။ ယိုင်နဲ့နဲ့ လျှောက်သွားသည့် ကောင်လေးသည် နေမကောင်း ဖြစ် နေပုံ။ ပါးတခြမ်းယောင်နေပြီး နှုတ်ခမ်းတွေလည်း အဖြူဘက်သို့ သမ်းနေသည်။

ဆေးလိမ်းထားတဲ့ပုံ မပေါ်သည့် ပါးက အလွန်ယောင်နေသည်။
ဖြူဖက်ဖြူယော် ဖြစ်နေသော နှုတ်ခမ်းသားတို့ကို မြင်ပြီး စိတ်မတင်းထားနိုင်တော့ပါ။ ဆေးပေးလို့ မယူရင် ချုပ်လိမ်းပေးရုံပေါ့။

----------------
" သုတ ရေ သုတရေ  "

အိမ်ရှေ့မှ သူ့နာမည်ခေါ်သံကြားတာကြောင့် အိပ်ရာထဲက အားပြုကာ ထလိုက်တယ်။

" အကို သာဒင် တို့ပါလား  ၀င်ခဲ့လေ "

အကိုရန်ဘုန်းအောင် ကိုတွေ့တာနဲ့ ရင်ထဲ ၀မ်းသာသွားရသည်။
သူ့အတွက် စိုးရိမ်ဟန် ရှိသည့် အကိုရဲ့ မျက်ဝန်းတွေကြောင့် ပြုံးပြလိုက်သည်။

"ထိုင်ပါဦးအကိုတို့"

အမြန်ပင် သင်ဖြူးဖျာလေးကို ခင်ပေးလိုက်သည်။ အကြမ်းရည် ကုန်နေသည်မို့ သူအတော်အားနာသွားရသည်။

"အားနာလိုက်တာ အကြမ်းရည် ကျွန်တော် တည်လိုက်ဦးမယ် ထိုင်ပါဦးနော်"

လေတိုက်ရင် လေကျတော့မယ့် ခန္ဓာကိုယ်လေးနဲ့ ၔည့်၀တ်ကျေချင်နေတဲ့ အိမ်ရှင်အသေးလေးကို ကြည့်ရင်း ရင်ထဲတလှပ်လှပ်ဖြစ်နေသည်။ ဘာကြောင့်လဲဆိုတာ သူမသိပါ။ အချိန်မှန် သောက်နေကျ ထန်းရည် အရက် မသောက်တာလို့ သူအလွယ်တကူမှတ်လိုက်သည်။

သာဒင်ကိုကြည့်လိုက်တော့ သူတောင်းစားေလးက အကြမ်းရည်အစား ချပေးတဲ့ ထန်းလျက်ခဲများကို မြိန်ရည်ရှက်ရည် စားနေသည်။ လူနာမေးလာသည်ကို ငတ်ကြီးကျနေတဲ့ သာဒင်အား ဂုတ်ပိုးကိုချလိုက်သည်။  ထိုအခါမှ ဂုတ်ပွတ်လျက် ရယ်ကျဲကျဲဖြစ်နေသော သာဒင်နှင့် သူ့အား ကြည့်နေတဲ့ အိမ်ရှင်အသေးလေးကြောင့် လာရင်းအကြောင်းကိုပြောလိုက်သည်။

" မင်းပါးက အယောင်မကျသေးတော့ ငါအပြစ်မကင်းဘူးထင်လို့
ဆေးဆရာ ဦးသောင်းအိမ်က လိမ်းဆေးနှင့် သောက်ဆေး "

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now