အပိုင်း(၂၄)

7.4K 312 9
                                    

Unicode

" အရီးဘယ်သွားမလို့လဲ "

" သာဒင်တို့ ထမင်းသွားပို့တာ ကျုပ်ပါလိုက်မလို့... "

" အရီးရယ် ပင်ပန်းပါတယ်... "

" အမလေး ကျုပ်ပင်ပန်းတာအကြောင်းမဟုတ်ဘူး ရန်ဘုန်းအောင်ပါသွားမှာစိုးလို့ "

" ဟင်...အရီးဘာပြော"

အရီးက သုတနှင့် အမခတ္တာကို မစောင့်ဘဲ အရှေ့ကနေခပ်သုတ်သုတ်သွားသည်။ ခေါင်းပေါင်းနှင့် အနွေးထည်လက်ကတိုနေသဖြင့် တံတောင်ဆစ်နားရောက်လုနီးပါး ဖြစ်နေသည့် အရီးက အသက်အရွယ်ကြီးပြီးဖြစ်သော်လည်း စိတ်ပျိုကိုယ်နု စကားအတိုင်း လူကလည်းနုသည်။ သန်လည်းသန်မာသည်။

" အမ... အရီးက ကိစ္စရှိလို့လား "

" ဟိုကောင်မ လေ နွယ်နီထိုက်ကို သုတဘက်မှာ အမတို့ရှိကြောင်း
သွားအင်းအားပြမယ်လေ၊ ယောက်ျားဆိုတဲ့ အမျိုးကလေ ချောတာလှတာမြင်ရင် နှာကထချင်တာ၊ နောက်ကလိုက်နိုင်မှ တော်ကာကြမှာ ၊နောက်နေ့တွေလည်း ထမင်းချိုင့်သွားပို့မှာနော် ၊ ကိုရန်ကြီးက လူညိုချော အလုပ်လုပ်တာလည်းတော်တော့ အရင်က အဖက်မလုပ်တဲ့ ရွာထဲက ကောင်မတွေကပါ ကပ်ချင်နေတာ ၊ သူတို့မကပ်ခင် သုတက ပိုကပ်ထားရမယ်နော် ။ယောက်ျားဆိုတဲ့အမျိုးက မကောင်းပါဘူးတော် "

ခတ္တာ တရစပ် ပြောပြီးမှ မျက်နှာမကောင်းသည့် သုတကို သတိထားမိသည်။ မျက်နှာမကောင်းသည့် သုတကိုကြည့်ပြီး ခတ္တာအားနာသွားရသည်။ စေတနာဇောနှင့် ကိုရန်ကြီး မကောင်းကြောင်းပါ ပြောသလို ဖြစ်သွားတာကြောင့် မျက်နှာပူလာရသည်။

" ဟို ...ဒါပေမယ့် ကိုရန်ကြီးက သုတကို ဘယ်လောက်ချစ်တာလဲ အမတို့ ဘေးလူတွေကတောင် သိတယ် ၊ သုတသိပ်မစိုးရိမ်နဲ့နော် "

ရှေ့ကနေ ထောင်းတလန်မောင်းတလန် ပြောပြီးမှ အဖျားရှုးသွားသော စကားတွေက  အူကြောင်ကြောင်နိုင်လှသော်လည်း ခတ္တာမတတ်နိုင်ပါ။ ဒီထက်လည်း ဖြေမနိုင်ဖြစ်နေသည်။

" ဟုတ်ကဲ့ အမ "

သုတ အမခတ္တာ စကားတွေကို နားထဲပြန်ကြားယောင်နေမိသည်။
သုတမှာ အကို တစ်ယောက်ထဲ ရှိတာ တခြားသူဆီတော့ ဘယ်နည်းနဲ့မှ အပါမခံနိုင်ပါ။ တွေးရင်း ဝမ်းနည်းလာသဖြင့် မျက်ရည်များပါ ကျလာခဲ့သည်။ သုတဘ၀ရဲ့ တစ်ဦးတည်းသော မိသားစုလေးကို ဘယ်လိုအေကြာင်းအရာေကြာင့် ဆွဲထုတ်သွားချင်နေရသလဲ။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now