Part 6 start~
ကိုယ့်ကို ကပ်တွယ်နေရတာ မပင်ပန်းဘူးလား ကျန်းဟာအိုရယ်
"ဗျာ! မားမားဘာလို့ချက်ချင်းကြီး"
ဟာအို အိမ်ထဲခြေချလိုက်ကာ အမောတောင်မပြေသေးခင် နောက်တစ်ပတ် ဟန်ဘင်းနဲ့ မင်္ဂလာပွဲလုပ်ရမယ်ဆိုတော့ အသက်ပါထွက်ချင်သည်။
ဟာအို မားမားအား ပြူးကြောင်ကြောင်ဖြင့်ကြည့်နေမိသည်။
"မင်းကိစ္စမဟုတ်ဘူး လူကြီးကလက်ထပ်ဆိုလက်ထပ်လိုက် အပိုတွေမေးမနေနဲ့"
"......"
ဟာအို ဆက်မမေးရဲတော့ပါ။မားမားအကြည့်တစ်ချက်နဲ့တင် အမှုန်သေးသေးလေးဖြစ်နေပြီ။
ဟန်ဘင်းကို ကိုယ့်အမျိုးသားအဖြစ်နဲ့ မြင်တွေ့ရမှာပျော်တယ်။သို့သော် ဟန်ဘင်းသူ့ကို ချစ်လာဖို့အတွက်မမျှော်မှန်းရဲသေး"မနက်ဖြန် အဝတ်အစားသွားကြည့်ရမယ် ဆောင်းဟန်ဘင်းနဲ့အတူ"
"......"
ဟာအို ခေါင်းသာညိမ့်ပြခဲ့ပြီး ကိုယ့်အခန်းသို့သာ ဝင်ခဲ့လိုက်သည်။
ဟန်ဘင်း အကြည့်စူးစူးတွေကို ဟာအိုတကယ်မခံနိုင်ဘူး။
ငါ့ကို အဲ့လိုအကြည့်တွေနဲ့မကြည့်ပါနဲ့ ဟန်ဘင်းရယ် ငါဟန်ဘင်းနဲ့လက်ထပ်ပြီးရင်လဲ ပုံမှန်လူအဖြစ်နဲ့ပဲနေပေးပါ့မယ်~
~~~
"ဟန်ဘင်း ဘာလေးကြိုက်လဲဟင်"
အဖြူရောင် မင်္ဂလာပွဲဝတ်စုံလေးတွေကို ဟာအိုကသာ ဟိုကြည့်ဒီကြည့်လုပ်နေပေမယ့် ဟန်ဘင်းကတော့ ဆိုင်ရဲ့ ဆိုဖာပေါ်တွင် မျက်မှောင်ကြုံ့ကာ ဖုန်းကိုသာ ဂရုတစိုက်ကြည့်နေခဲ့သည်။
ဟာအို မေးသံကို ဂရုတောင်မစိုက်ဘဲ ဖုန်းကိုသာ ကြည့်နေပြန်သည်။
"ဟန်ဘင်း....ဟန်ဘင်း!"
"ကျစ်"