Extra#2 start~
အွန်း...ချစ်တယ်မောင်
"ကျစ်!"
ဟာအို သူ့ကိုယ်သူ မှန်ထဲတွင်ကြည့်၍ စုတ်သပ်မိပြန်သည်။သူဒီမနက် ရေကစားရင် ဝတ်ဖို့လုပ်ထားတဲ့ ရင်ဟိုက်အင်္ကျီနဲ့ အခုသူ့ရင်ဘက်ပေါ်က အနီရောင်အကွက်တွေနဲ့က လူမြင်မကောင်း။
ကမ်းခြေသွားရင် ဝတ်ဖို့သူ့မှာ လိုင်းပေါ်က မရရအောင်ရှာဝယ်ထားတာကို ဟန်ဘင်းလက်ချက်ကြောင့် မဝတ်ရတော့ဘူး။
ဒါကို ခုတင်ပေါ်မှာထိုင်ပြီး ပြုံးစိပြုံးစိနဲ့ ကြည့်နေတဲ့ ဟန်ဘင်းကြောင့် စိတ်တောင်ဆိုးချင်လာသလို။
"မောင့်ကြောင့် ငါဒီအင်္ကျီဝတ်လို့မရတော့ဘူး"
သူ့ကို ဆူပုတ်ပုတ်လေးဖြင့် ပြောလာတဲ့ ဟာအိုကို
ပြုံးပြကာ စိုက်ကြည့်နေလိုက်သည်။အဲ့အင်္ကျီမဝတ်စေချင်လို့ တမင် ရင်ဘက်နဲ့ လည်ပင်းမှာ အနီကွက်တွေဖြစ်အောင်လုပ်ခဲ့တာဖြစ်သည်။
ရင်ဟိုက်တဲ့ အဲ့အင်္ကျီကို ဟာအိုဝတ်လိုက်ရင် လူတကာငေးနေကြတော့မှာလေ။အဲ့လိုမျိုးကို သူလိုလားတာကြောင့် တမင်လုပ်လိုက်ခြင်းဖြစ်သည်။ဟာအို ခရီးဆောင်အိတ်ထဲက လိုရမယ်ရ ထည့်လာတဲ့ ရေကူးဝတ်စုံ အပေါ်ပိုင်းနှင့်အောက်ပိုင်း တစ်ဆက်တည်းဝတ်ရတာကိုသာဟာကို ထုတ်ယူလိုက်သည်။
ထိုရေကူးဝတ်စုံက လည်ပိတ်ဖြစ်ပြီး အောက်ပိုင်းက ဒူးခေါင်းအပေါ်နည်းနည်းရောက်သည်။ထိုနည်းတူ ဟန်ဘင်းကလဲ ဟာအိုလို ရေကူးဝတ်စုံကိုဝတ်ကာ အောက်က ဘောင်းဘီအနက် အတိုတစ်ထည်ဝတ်ထားသေးသည်။
သူတို့နှစ်ယောက်လုံးပြင်ဆင်ပြီးတဲ့အချိန်မှာ
ဟိုတယ်ကနေ ပင်လယ်ဘက်သို့ ထွက်ခဲ့ကြသည်။~~~
မနက်ခင်းနေရောင်ကြည်အောက် လိုင်းရိုက်ခတ်ခြင်းနဲ့အတူ ဟာအို ခန္ဓာကိုယ်လေးမှာ ပင်လယ်ရေထဲမျောနေခဲ့သည်။
အခုထိ ရေမဆိုသေးတဲ့ ဆံပင်အုပ်အုပ်ဖောင်းဖောင်းလေးနဲ့ ရေကူးဝတ်စုံကပ်ကပ်လျက်လျက်
လေးမှာ လိုက်ဖက်လွန်းသည်။