~Finale~

577 36 1
                                    

Part 18 start~

ချစ်တယ် မောင်
ချစ်တယ် ကိုကို

ခေါင်းမှ တဆစ်ဆစ်နာကျင်မှုကြောင့် ကောင်းကောင်းမအိပ်ရဘဲ မက်သရူး နိုးလာရသည်။

မျက်လုံးပွင့်ပွင့်ချင်း ရင်းနှီးတဲ့ မျက်နှာကြက်
မဟုတ်နေတာကြောင့် မနေ့ညက အဖြစ်အပျက်တွေကို ပြန်စဉ်းစားနေမိသည်။

"ဟျောင်း ကျွန်တော်တို့ သောက်ကြရအောင်"

မနေ့ညက ခေါက်ဆွဲပြုတ်စားရင် ဂျီဝွန်းဟျောင်းကို သူကိုယ်တိုင် သောက်ဖို့ခေါ်ခဲ့တာဖြစ်ပြီး အမူးလွန်သွားသည်ဟု ထင်ပါရဲ့ တန်းအိပ်ပျော်သွားခဲ့သည်။

"နိုးပြီလား"

"Shit*"#$ လန့်လိုက်တာ"

"Sorryပါ မက်သရူး လန့်သွားအောင်ကိုယ်မရည်ရွယ်ပါဘူး"

"ဟင် ဟျောင်းကဘာလို့ ဒီကိုရောက်နေတာလဲ.....မဟုတ်မှ ဟျောင်းအိမ်လို့တော့မပြောနဲ့နော်"

နိုးနိုးချင်း ပြူးတူးတူးလေးဖြင့် တအံ့တဩမေးနေသူကို ကြည့်ကာ ရယ်မိသည်။

အိုပုံသဏ္ဍာန်‌နှုတ်ခမ်းကလေးတဲ့ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ မက်သရူးကြောင့် ဂျီဝွန်းတစ်ယောက် အော်ရယ်မိတော့သည်။

"မက်သရူးကသိနေတာလား"

"ကျွန်တော် မနေ့ညက ဟာ ချီးပဲ sorryပါဟျောင်း အနှောက်ယှက်ပေးမိပြန်ပြီ"

"မဟုတ်တာအောက်ထပ်ကိုဆင်းခဲ့ နံနက်စာပြင်ထားတယ်"

မက်သရူးတစ်ယောက်ပျော်လွန်းလို့ ဂျီဝွန်းအခန်းထဲက ထွက်‌သွားတော့ ထခုန်မိသည်။
သူကအခု ဂျီဝွန်းဟျောင်းရဲ့အိမ်မှာ အိပ်ခဲ့တာလား။
ပြီးတော့ ဂျီဝွန်းဟျောင်းကျွေးတဲ့ နံနက်စာကိုစားရမှာတဲ့လား။

~~~

စားပွဲပေါ်၌ ပြင်ဆင်ထားသော နံနက်စာတွေကိုကြည့်ကာ မက်သရူး ပါးစပ်အဟောင်းသား။

ပြင်ထားတဲ့ နံနက်စာတွေက လူ၅ယောက်နီးပါးလောက်စားလို့ရသည်။

𝑳𝒐𝒗𝒆 𝑳𝒊𝒌𝒆 𝑻𝒖𝒍𝒊𝒑𝒔Where stories live. Discover now