Extra#final

422 35 4
                                    

Extra#final

ဟီး မက်ရူးကိုကိုအကောင်းဆုံးပဲ"


"ကိုကိုရေ...လုပ်ပါအုံး!"

ဂျီဝွန်းတစ်ယောက် မီးဖိုချောင်မှ မက်သရူးရဲ့အော်သံဆူးဆူးလေးကြောင့် အလုပ်လုပ်နေရာမှ မီးဖိုချောင်သို့အပြေးအလွှား။

မီးဖိုချောင်ထဲ၌ အဝါရောင် Kitchen Apronကိုဝတ်ကာ ကြက်ဉကြော်နေတဲ့ မက်သရူး။

ယောင်းမကိုကောင်ကာ မီးဖိုရှေ့မတိုးရဲ တိုးရဲနဲ့တိုးနေပုံကချစ်စရာ။

"ဘာဖြစ်လို့လဲ သည်းငယ်"

"ကြက်ဉတူးသွားလို့ ‌ရေထည့်လိုက်တာဘယ်လိုကြီးဖြစ်သွားလဲမသိဘူး"

"ဖယ်ဖယ် အပူလောင်မယ်"

ဂျီဝွန်း မိုးဖိုကိုပိတ်၍  အကြော်ဒယ်အိုးကို ဘေးချလိုက်သည်။
မီးဖိုချောင်တစ်ခုလုံးလဲ အတူးနံ့တွေပြည့်လျှံလျက်။

အပြစ်မရှိတဲ့ အကြော်ဒယ်အိုးလေးကလဲ မဲတူးကာ အထဲက ရေပေါ် ပေါ်နေတဲ့ကြက်ဉဖက်တွေ။

"သွန်လိုက်တော့ ကိုကို"

သူ့သည်းငယ်လေး စကားတစ်ခွန်းဆို တစ်ခွန်းပဲမို့ ချက်ချင်းပဲ အမှိုက်ပုံးထဲသို့သွန်လိုက်သည်။
မဲတူးနေတဲ့ အကြော်ဒယ်အိုးလေးကိုလဲ မလွှင့်ပစ်ခင် ရေစိမ်ထားလိုက်သည်။

"သည်းငယ်ကလဲ ကိုကိုလုပ်ပါမယ်လို့ပြောထားတာကို မတော်တဆ အပူလောင်သွားရင်ဘယ်လိုလုပ်မလဲ"

"ကိုကိုကလဲ ကျွန်တော်က ကိုကို့ကို ကျွန်တော်လုပ်ကျွေးတာကို စားစေချင်လို့ကို"

"ဟုတ်ပါပြီ...နောက်ခါတော့မလုပ်နဲ့တော့နော်"

ဒီအကြိမ်နဲ့‌ဆို ၅ခါရှိပြီ။စုစုပေါင်း လွှင့်ပစ်လိုက်ရတဲ့ ဒယ်အိုးပေါင်း ၅အိုး။သို့သော် သူ မက်သရူးကို
အပြစ်မမြင်ရက်။ချစ်လို့တောင်မဝတာကို အပြစ်မြင်စရာလား။

𝑳𝒐𝒗𝒆 𝑳𝒊𝒌𝒆 𝑻𝒖𝒍𝒊𝒑𝒔Where stories live. Discover now