Part 11 start~
ကားကိုသာ ဂရုတစိုက်မောင်းနေပြီး ဟာအိုအား လှည့်တောင် မကြည့်သူကြောင့် ဟာအိုမှာ အူကြောင်ကြောင်နဲ့။
ဟာအို ဟန်ဘင်းကို နားလည်စွာ စိုက်ကြည့်နေမိသည်။ဘာအကြောင်းပြချက်နဲ့သူ့ကို တစ်ခါတည်း အိမ်ခေါ်သွားတာလဲ။
"ဟန်ဘင်း ဘာလို့ငါ့ကို ခေါ်လာတာလဲ"
"......"
"ဟန်ဘင်း ဟန်ဘင်း"
"ကျစ်!"
"......"
ဟာအို ဟန်ဘင်းကို အတင်းမေးမယ်ပြင်စဉ် ဟန်ဘင်း ကျစ်သတ်သံကြောင့် ကားမှန်ဘက်ကိုသာ မျက်နှာမူလိုက်ပြီး ညှိုးကျသွားသည်။
ဟန်ဘင်း မကြိုက်တာကို အတင်းမလုပ်ချင်တာကြောင့် ဆက်မမေးတော့ဘဲ ငြိမ်ငြိမ်ကလေးသာ နေလိုက်သည်။
~~~
ဟာအို အိမ်ရောက်ရောက်ချင်း ဂျီဝွန်းဟျောင်းဆီဖုန်းဆက်လိုက်သည်။
*ဟယ်လို ဟျောင်း*
*အင်းဟာအို ပြန်ရောက်ပြီလား*
*ဟုတ်ပြန်ရောက်ပြီဟျောင်း...ဟျောင်းရော*
ဟန်ဘင်း သူ့ကိုမစောင့်ဘဲကားထဲမှ အရင်ဆင်းသွားတဲ့ ဟာအိုကြောင့် ဘဝင်မကျပြန်ဘူး။
အိမ်ထဲ ဝင်လာတော့လဲ ဧည့်ခန်းရဲ့ ဆိုဖာမှာထိုင်ပြီး ဖုန်းပြောနေတဲ့ ဟာအိုက ဟန်ဘင်းဝင်လာတာတောင်မသိသလို။
*ပြန်ရောက်ပါပြီဗျ....စောစောအိပ်နော်ဟာအို မွေးနေ့ကျမှထက်တွေ့မယ်*
*ဟုတ် စောစောအိပ်ပါမယ် ဘိုင့်ဘိုင့်ဟျောင်း*
ဟာအို ဖုန်းချလိုက်ပြီး ဘေးကိုလှည့်ကြည့်လိုက်စဉ် ဘေးနံရံအား လက်တစ်ဖက်ထောက်ကာ ဟာအိုအား မျက်မှောင်ကြုံ့ရင်း ကြည့်နေသူကြောင့် လန့်ယုံတမယ် ဖြစ်ရသေး။
စောက်ရမ်းမိုက်တယ်။ဟန်ဘင်း type ဟန်ဘင်းပုံစံတွေက တကယ်ကိုမိုက်တယ်။ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်ရှိပြီး သေလောက်အောင်ကြည့်လို့ကောင်းတယ်။