1

173 19 9
                                    

<< UNicode >>

လှေ

အချစ်ဆိုတဲ့ အရာကို ကျွန်တော်တို့ဟာ ဆယ်ကျော်သက်အရွယ်မှာ စတင်ခံစားမိကြတယ်။ငယ်ရွယ်ချိန်မှာ စတင်ထိတွေ့မိတဲ့ အချစ်ဟာ အိပ်မက်လှလှလေးကိုပေးစွမ်းတယ်။ကောင်းကင်ထက်က တိမ်တိုက်လေးတစ်ခုလို ပမာပြုတယ်။ပျော်ရွှင်စရာ ကြည်နူးစရာအခိုက်တန့်လေးတွေကို ကျွန်တော်တို့ဟာ အတူတကွဖန်တီးကြတယ်။ငယ်ရွယ်ချိန်မှာတော့ ကျွန်တော်တို့ဟာ အချစ်ကို ကိုးကွယ်လို့ ဖမ်းဆုပ်နိုင်ရန် မိုက်ရူးရဲဆန်စွာ သတ္တိရှိတက်ကြတယ်။ကျွန်တော့်အတွက်တော့ အချစ်ဆိုတဲ့အရာက အသက်16နှစ်မှာ စတင်ခဲ့တယ်။

<< 2012 ခုနှစ် >>

မေပယ်လ်ရွက်တွေမြေပေါ်သို့ အလူးအလဲ ခကြွေတဲ့ နေ့တစ်နေ့ ။ထိုနေ့မှာ ကျွန်တော့်နှလုံးသားသည်လဲ မေပယ်လ်ရွက်နည်းတူ အီဂျဲနိုဟူသော လူသားထံ ယုံကြည်စိတ်ချစွာ ခကြွေမိပါသည်။

" ဂျဲနိုလီ ငါ့ကို ဘယ်အချိန်ထိ ချစ်သွားမယ် စိတ်ကူးလဲ ? "

ထိုမေးခွန်းကြောင့် ဂျဲနိုကမျက်လုံးတွေမှေးကျဥ်းသွားတဲ့အထိ ရယ်သည်။အီဂျဲနိုဟူသော ကျွန်တော့်ချစ်သူက  တစ်ခါတစ်လေ ကလေးဆန်တဲ့ ကျွန်တော့်ရဲ့အတွေးတွေကို ရင့်ကျက်တည်ကြည်စွာ အဖြေရှာပေး လေ့ရှိသည် ။ ရွယ်တူဖြစ်တာကြောင့် အီဂျဲနိုသည်လဲ တစ်ခါတစ်လေ ကျွန်တော့်နည်းတူ ကလေးဆန်တက်သည်။ရင့်ကျက်ပြီဆိုရင်လဲ သူမတူအောင် ရင့်ကျက်လွန်းပြန်သည်။ကျွန်တော်က သူရင့်ကျက်တဲ့အခါကျရင်လဲ တစ်မျိုးချစ်ရသလို ၊ကလေးဆန်တဲ့အခါတိုင်းလဲ အချစ်ပိုတိုးရပါသည်။ဒီတစ်ခါ ကလေးဆန်မိသူက ကျွန်တော်ဖြစ်နေခဲ့သည်။

" ငါက မင်းစိတ်ကျေနပ်အောင်​ပဲလုပ်ဆောင်ပေးချင်တာမို့ မင်းကဘယ်အချိန်ထိချစ်သွားစေချင်တာလဲ? အရင်ပြောပြပေါ့ ငါက မင်းရဲ့အလိုဆန္ဒကို ကတိနဲ့သစ္စာပြုပါ့မယ် "

" အွန်း ဒါဆို အကြောင်းအမျိုးမျိုးကြောင့် ငါတ်ို့ဝေးသွားခဲ့ရင်တောင် ဒီလောကကြီးထဲက ငါ ပျောက်ကွယ်သွားတာသေချာမှ မင်းနောက်တစ်ယောက်ကိုချစ်ပါ ငါရဲ့အသက်ရှူသံတွေရှိနေသ၍တော့ မင်းငါ့တစ်ယောက်ထဲကိုပဲ ချစ်ပေးပါ "

လှေWhere stories live. Discover now