4

115 22 9
                                    

<< UNicode >>

လှေ

" မင်းကို လာလာစောင့်ကြိုနေတဲ့ ကောင်လေးလဲ မတွေ့မိပါလား?အရင်က ဒီလိုအချိန်ဆို အဲ့ကောင်လေး Companyရှေ့ရောက်နေပြီ "

အလုပ်လုပ်နေတဲ့ဂျယ်မင်းကို လုပ်ဖော်ကိုင်ဖက် အကိုက မေးခြင်းဖြစ်သည်။ဘာလဲ ဟိုကလေးကို အကုန်လုံးသိနေကြတာလား?

" အတွေးများမနေနဲ့ ငါတို့တစ်ရုံးလုံးသိတယ် "

"...."

"ဒါပေမယ့် ဒီနေ့ပျက်ကွက်ပြီဆိုတော့ မင်းကိုလက်လျော့သွားတာများလား? "

ထိုစကား​ကို ဂျယ်မင်းသဘောမကျပေ။ဟိုကလေးရဲ့ဇွဲကို ဒီလူမသိသေးတာပါ။

" မဟုတ်ဘူး ကလေးကနေလို့မကောင်းဖြစ်နေတာ "

" အော် "

ထို့နောက် ရုံးတွင်းတစ်သီးတစ်သန့်နေတက်တဲ့ ဂျယ်မင်းက စကားအပိုမပြောတော့ပဲ အလုပ်ကိုသာအာရုံပြန်စိုက်သည်။

" ဂျယ်မင်းရ ဘယ်အချိန်ထိ ဒီလိုမျိုးနေနေမှာလဲ? နာကျင်ရမယ့်အတိတ်ကို အခုထိအစွဲလန်းကြီးမနေပဲ ပျော်ရွှင်ကောင်းပျော်ရွှင်ရနိုင်တဲ့ အနာဂတ်ကိုဖမ်းဆုပ်ကြည့်ပါလား? "

Companyနှစ်ပတ်လည်နေ့မှာ ဂျယ်မင်းအသောက်များပြီးရင်ဖွင့်ခဲ့မိတာကြောင့် ဂျယ်မင်းရဲ့အတိတ်ကို တစ်စွန်းတစ်စသိထားတဲ့အကိုက အကြံပေးသလိုပြောဆိုလာသည်။

"မင်းသိလား?အလုပ်ကအပြန်မင်းတို့ကိုငါသတိထားကြည့်နေခဲ့တာ၊ အဲ့​ကောင်လေးနဲ့တွေ့ရင် အရယ်အပြုံးမရှိတဲ့ မင်းကပြုံးရယ်တယ်၊ငါထင်တာ မင်းရဲ့ပျော်ရွှင်မှုကိုရှာဖွေသင့်နေပြီ  အဲ့ကောင်လေးကိုမချစ်ရင်တောင် တွဲကြည့်ပါလား?တွဲပြီးမှချစ်လာတာမျိုးရှိတယ်လေ အဲ့ကလေးက မင်းရဲ့စိတ်ထွက်ပေါက်ဖြစ်လာနိုင်တယ် မင်းရဲ့ဘ၀ကို ပြောင်းလဲပေးနိုင်လောက်တယ်၊ငါက အကြံပေးရုံပါ မင်းသေချာစဥ်းစားကြည့်ပေါ့ "

"...."

" လွတ်ချသင့်တဲ့အရာတွေကို လွတ်ချတက်တာကလဲ ကိုယ့်ကိုကိုယ်ချစ်နည်း တစ်မျိုးပါပဲ ကိုယ့်ကိုကိုယ်ထက် ဘယ်သူ့ကိုမှပိုမချစ်မိစေနဲ့ဂျယ်မင်း ၊ကိုယ်တွေးထားသလိုဖြစ်မလာခဲ့ရင် ဘ၀ကရှင်ရက်နဲ့သေသွားလိုက်မယ် "

လှေWhere stories live. Discover now