<< UNicode >>
လှေ^^
" ဟျောင်းနဲ့တွဲနေပြီပဲကို မင်းရုပ်က ဘာဖြစ်နေတာလဲ ? "
တစ်ညနေလုံး ဟျောင်းနဲ့သူ တွဲနေပြီဖြစ်ကြောင်း ၊ လက်ကိုင်တာ ဘယ်နာရီကြာကြောင်း ၊ ဟျောင်းက တံခါးPassword ကို သူ့မွေးနေ့ထားပေးကြောင်း တက်ကြွစွာ ဂျီဆောင်းအား ကြွားဝါနေပြီးကာမှ ယခုငြိမ်ကျသွားတဲ့ချန်းလော့ကြောင့် ဂျီဆောင်း အမေးစကားဆိုရတော့သည်။
" အကိုနဲ့တွဲပြီးမှ အကို့ကို ပိုပြီးလောဘတက်မိလာတယ် ၊ အကိုနဲ့အတိုင်းအတာတစ်ခုထိ ရှိလာပြီးမှ ဝေးသွားမှာကို ငါကြောက်တယ် ဂျီဆောင်း ၊ ပြီးတော့ အကိုက ငါ့ကိို မချစ်ဘူးလေ? "
ချန်းလော့ရဲ့အတွေးတွေကို ဂျီဆောင်းဘယ်လိုတုံ့ပြန်ပေးရမလဲမသိပေ။ချန်းလော့ရဲ့ ပထမဆုံးဖြစ်တည်လာတဲ့ အချစ်မို့ မနာကျင်စေချင်ဘူး။
" ချန်းလော့ရ ဟျောင်းက မင်းနဲ့တွဲတယ်ဆိုထဲကိုက မင်းကိုချစ်ကြည့်ဖို့စိတ်ဆန္ဒရှိနေလို့ပဲလေ ၊ဟျောင်းကိုလဲ အချိန်ပေးလိုက်ပါ ၊စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေမှာ အသွားအပြန်ရှိပါတယ် "
ဂျီဆောင်းရဲ့ အားပေးစကားကြောင့်ချန်းလော့ပြုံးလိုက်မိသည်။အကိုက ချန်းလော့ကို အများကြီး ချစ်မိသွားဖို့ မျှော်လင့်မိပါသည်။
ဂျီဆောင်းပြန်သွားတော့မှ အကို့ထံဖုန်းခေါ်ရတော့သည်။အကိုနဲ့တွဲလိုက်ပြီးမှ စက္ကန့်မလပ် အကိုနဲ့ရှိချင်နေတော့တာပါပဲ။
/ အွန်း ချန်းလော့ ပြောလေ /
/ အကို အခုဘာလုပ်နေတာလဲ? /
/ အခုလေးတင် အလုပ်လက်စသတ်ပြီးလို့ နားမလို့ /
/ ဒါဆို ကျွန်တော့်နဲ့ vcပြောပေးမှာလား? /
/ အွန်း ကိုယ်ခေါ်လိုက်မယ် /
ဖုန်းက တီခနဲ ကျသွားပြီးနောက်မှာတော့ အကိုနဲ့ vcပြောဖြစ်ကြသည်။ဖုန်း screenမှာပေါ်နေတဲ့ အကို့မျက်နှာကြည်ကြည်လေးက ဆွဲဆောင်မှုရှိလှပါသည်။အကို့ရဲ့ မျက်တောင်ရှည်ရှည်လေးတွေကိုမြတ်နိုးမိသည်။ချန်းလော့ကို ကြည့်နေတဲ့ အကို့ရဲ့ မျက်၀န်းနက်နက်လေးကိုလဲ သဘောကျသည်။ အကို့ရဲ့ မျက်ခွံမို့မို့လေးကိုတော့ အကြင်နာပေးချင်မိပါသည်။
YOU ARE READING
လှေ
Fanfictionလှေဆိုတဲ့ဖြစ်တည်မှုနဲ့ကျွန်တော်ဟာ ပင်လယ်ပြာရဲ့အနက်ရှိုင်းဆုံးနေရာတစ်ခုဆီ ရောက်ရှိဖို့ရာ...