<< UNicode >>
လှေ
" အကိုက ငါ့ကြောင့်တကယ်ကြီးပြုံးလိုက်တာပါဆို "
ကားပေါ်ရောက်ကတည်းက ချန်းလော့ကတတွတ်တွတ်နဲ့ပြောနေတာမို့ ကားမောင်းခြင်းမှာအာရုံစိုက်နေရတဲ့ဂျီဆောင်းက စိတ်ရှုပ်လာရသည်။
" တိတ်တိတ်လေးနေပါလား ကျုံးချန်းလော့ရယ် ဟျောင်းကိုအိမ်ထိလိုက်နှောက်ယှက်တာတော့မဖြစ်သင့်ဘူးမလား? မင်းအရမ်းတရားလွန်တယ် "
ဂျီဆောင်းစကားကြောင့် ချန်းလော့ဒေါသထွက်ရသည်။အကို့ကိုအိမ်ပြန်လိုက်ပို့ပေးပြီး ကိုယ့်အိမ်ကိုမပြန်တက်တော့တာလေးကို အနှောက်ယှက်ပေးတယ်တဲ့လား?
" အကိုက စိတ်အနှောက်ယှက်မဖြစ်ဘူးတဲ့"
"မင်းကို အဲ့လိုပြောလိုက်လို့လား? "
"မပြောပေမယ့် အကိုကရယ်ပါတယ်ဆို"
"တိတ်လိုက်တော့ ငါ့ဖေဖေအပြင်သွားစရာရှိတယ် ငါကားကိုအမှီရောက်အောင်ပို့ပေးမှဖြစ်မယ် "
ကျောင်းသားတွေဖြစ်နေသေးတာကြောင့် ဂျီဆောင်းနဲ့ချန်းလော့ကို အိမ်ကမိဘတွေက ကားမ၀ယ်ပေးထားခြင်း။ရံဖန်ရံခါတော့ ဖေဖေ့ကားကို ဂျီဆောင်းယူမောင်းလေ့ရှိသည်။
" အကိုက ချစ်ဖို့ကောင်းသလောက် မင်းကရုပ်ဆိုးအကျည်းတန်တယ် "
ချန်းလော့ရဲ့မကျေနပ်သံအဆုံး ဂျီဆောင်းကလဲ ပြန်ခံပက်သည်။
" ငါကမင်းနဲ့တူတာဖြစ်မယ် "
________________
" အကို! "
ဂျယ်မင်းCompanyကနေထွက်လာတော့ နှစ်ရက်မြောက် ကြားလိုက်ရတဲ့အသံလေး။ဂျယ်မင်းက မကြားချင်ယောင်ဆောင်ကာ ကိုယ့်လမ်းကိုယ်သွားသည်။ချန်းလော့ကလဲ သူ့နားကထပ်ကြပ်မကွာလိုက်သည်။
" အကို ကျွန်တော့်ကို ပြန်ချစ်ပေးလို့မရဘူးလား? "
" မရဘူး "
" ချစ်ကြည့်ပါ အကိုကလဲ..ကျွန်တော်က ချစ်ကြည့်တော့လဲချစ်ချင်စရာလေးဖြစ်နေနိုင်တာပဲ "
ချန်းလော့စကားကြောင့် ဂျယ်မင်းကပြုံးသည်။ထို့နောက်ချန်းလော့ရဲ့နှဖူးကို လက်ဖြင့်ခပ်ဖွဖွတောက်လို့
YOU ARE READING
လှေ
Fanfictionလှေဆိုတဲ့ဖြစ်တည်မှုနဲ့ကျွန်တော်ဟာ ပင်လယ်ပြာရဲ့အနက်ရှိုင်းဆုံးနေရာတစ်ခုဆီ ရောက်ရှိဖို့ရာ...