5

91 23 6
                                    

<< UNicode >>

လှေ

တစ်လပြီးတစ်လသာကုန်လာတာ ချန်းလော့နဲ့ အကို့ရဲ့ဆက်ဆံရေးက အခုထိအဆင့်မတက်နိုင်သေးပါ။အကို့ကိုချစ်ပေးနေရတဲ့ဘ၀ကြီးကို ကျေနပ်ပေမယ့်လဲ အကို့ရဲ့ ချစ်ပေးခြင်းကိုလဲ ခံယူချင်မိပါသည်။
အကိုနဲ့အတူတူ ဖြတ်သန်းလာတဲ့အချိန်အတိုင်းအတာ အတွင်းမှာ အကိုက လိမ်တာကိုမုန်းတယ်၊ မတည်နိုင်တဲ့ကတိတွေကိုပေးတာကို စက်ဆုပ်တယ်ဆ်ိုတာ သိလာရသည်။ဟိုတစ်ခါလိမ်ညာမိလို့ အကိုက စိတ်ဆိုးတဲ့အခါကျချန်းလော့က မနေတက်တာမို့ အကိုမကြိုက်တဲ့ အချက်မှန်သမျှကို မလုပ်မိအောင် ရှောင်ဖယ်ရသည်။

" မင်း ဟျောင်းကို လိုက်တာ 6လတောင်ရှိနေပြီ ဟျောင်းသာမင်းကိုချစ်မယ်ဆို ချစ်နေလောက်ပြီလေ အခုအခြေနေက မင်းလက်လျော့သင့်နေပြီ "

" လက်လျော့တယ်ဆိုတာ လွယ်တဲ့ကိစ္စများမှတ်နေလားဂျီဆောင်း! လွယ်လွယ် လက်လျော့ရအောင် ငါက အကို့ကို လွယ်လွယ်ချစ်ခဲ့တာမဟုတ်ဘူးလေ "

" ဟျောင်းကလဲ သူ့ကို လွယ်လွယ်ချစ်ခဲ့တာမဟုတ်ဘူး.."

ဂျီဆောင်းစကားကြောင့် ချန်းလော့က ခပ်တွေတွေလေးဖြစ်သွားသည်။ပြီးတော့ 'သူ'ဆိုတဲ့နာမ်စားကြောင့် ချန်းလော့စိတ်တွေလေးလံလာရသည်။ဒီနာမ်စားကြောင့် ချန်းလော့က သိမ်ငယ်ရသည်။၀မ်းနည်းစိတ်၀င်လာတာကိုလဲ ချန်းလော့သတိထားမိသည်။

"မင်းသိလား? ဟျောင်းက N.A Companyရဲ့ဆက်ခံသူနေရာကိုဘာလို့စွန့်လွတ်ခဲ့လဲဆိုတာ? မိဘနှစ်ပါးလုံးရှိနေပါရဲ့နဲ့ မိဘတွေကိုအဆက်သွယ်ဖြတ်ပြီး မိဘမဲ့ တစ်ယောက်လို နေထိုင်နေခဲ့တာ ဘာကြောင့်လဲ? "

ဟင့်အင်း။ချန်းလော့မသိချင်ဘူး။

" ဆက်မပြောနဲ့တော့! "

ချန်းလော့ရဲ့အသံမှာ ငိုသံအဲ့အဲ့ဖြစ်နေသည်။ဆက်ပြီးနားမထောင်ချင်တာမို့ တားမိပေမယ့် ဂျီဆောင်းက သူ့စကားကိုနားမထောင်ပါ။

" အဲ့ဒီ့လူကြောင့်ပဲ ၊ ဟျောင်းက သူ့ဘ၀တစ်ခုလုံးကိုလောင်းကြေးထပ်ပြီး အဲ့ဒီ့လူကိုရွေးချယ်ခဲ့တာ "

လှေWhere stories live. Discover now