စတွေ့ခြင်း
ပြိုင်ပွဲအလံက တေးဂီတလို လွင့်မျောနေပြီး တန်းဖိုးမြင့်ကားတွေရဲ့ အင်ဂျင်အသံတွေဟာလည်း ခြင်္သေ့ဟိန်းသံလို ပဲ့တင်သံထပ်နေသည်။ ထိုအဖြစ်ပျက်နေတာတွေကြည့်ခြင်းဖြင့် Seasonအသစ်ဟာလည်း စတင်နေခဲ့ပြီ။ ငယ်ရွယ်ပြီး စွန့်စားမှုတို့ကိုကြိုက်နှစ်သက်သော လူတွေရဲ့ အားပေးသံတွေ၊ သူတို့ရဲ့ ဒေါသထွက်သံတွေဟာလည်း နာမည်ကြီးကားပြိုင်ကွင်းကြီးဖြစ်တဲ့ industry insider of the Hollowsထံမှ အတိုင်းအဆမရှိ ထွက်ပေါ်နေတယ်...
ဘုတ်ပြားပေါ်မှာရှိတဲ့ digital နာရီကြီးကလည်း 13:15လို့ညွှန်ပြနေပြီး ပွဲစဖို့15မိနစ်ဘဲလိုတော့တယ်လို့ ပြောပြနေသယောင်... ပွဲရဲ့ထုံးစံအတိုင်း အရင်seasonရဲ့ အတော်ဆုံးနဲ့ အကောင်းဆုံးလုပ်ပြနိုင်တဲ့အသင်းနဲ့ စပြီးဖွင့်ကြရမယ်.... ဒါပေါ့ အရင်နိုင်ခဲ့တဲ့အသင်းရဲ့နာမည်ဟာလည်း ပြိုင်ပွဲကြေငြာချက်မှာ တင်သွင်းခံရတော့ လူအများကြီးကို ဆွဲဆောင်နိုင်တယ်လေ...
ဒီလိုမျိုး ပူတဲ့ရာသီဥတုမှာတော့ အရမ်းကိုပူအိုက်ပြီး အသားရည်တွေတောင် နေလောင်ခံရတော့မလို
"အားလုံးကို ကျွန်တော်တို့ရဲ့ အကြီးဆုံးနဲ့အမိုက်ဆုံးဖြစ်တဲ့The Hollowsကနေကြိုက်ဆိုလိုက်ပါတယ်......"
"ကဲ သိပ်စကားအများကြီးမပြောချင်တော့ဘူး~~ အကုန်လုံးစောင့်မျှော်နေတဲ့ Seasonအသစ်ဟာ အခုဘဲ စ တင် လိုက် ကြ ရ အောင် !!!" ပွဲစီစဉ်သူဒီလိုပြောလိုက်တာနဲ့ဘဲ ကွင်းထဲမှရှိနေကြတဲ့ လူတွေရဲ့အော်သံနဲ့ အားပေးသံတွေဟာလည်း တခဲနက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ပထမပွဲစဉ်ကသိပ်မကြာဘူးဆိုတာ သူတို့သိလိုက်ရပြီး သူတို့အားပေးတဲ့လူဟာ သေချာပေါက်အနိုင်ရပြီး သူတို့အတွက်ဆုယူပေးမယ်ဆိုတာ သိလိုက်ရတဲ့လူငယ်တွေဟာ အဘက်ဘက်သို့ပြန့်ကျဲသွားပြီး သူတို့ ထိုင်ခုံပေါ်ပြန်ထိုင်သူကထိုင် ထိုင်ခံနားရပြီး အားပေးတဲ့သူကပေးနဲ့ ဖြစ်ကုန်ကြသည်။
"မင်းအရင်sesonက အရမ်းကို မိုက်ပြီးတအားပြင်းလို့ထင်နေတာမလား" တဖက်ကလည်း အူလည်လည်နဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
YOU ARE READING
Pit babe (MM translation)
RomanceCharlie ဆိုတဲ့ကောင်လေးက ပြိုင်ကားမောင်းတဲ့သူဖြစ်ချင်တယ် ဒါပေမဲ့သူ့မှာ ကိုယ်ပိုင်ပြိုင်ကားမရှိဘူး... သူ့ပြိုင်ကားရဖို့ဆိုပြီး ပြိုင်ကားလောကရဲ့ဘုရင် Babeစီသွားပြီး အကူအညီတောင်းခဲ့တယ်။သူတို့က သူစိမ်းတွေဖြစ်ပေမဲ့ Pit babe ကူညီခဲ့တယ်... သဘောတူညီချက်တခုနဲ...