Part-2.2

554 12 0
                                    

လူအများစုအတွက်တော့ အိပ်ရာဝင်ချိန်ဖြစ်ပေမယ့်, လူငယ်တစ်စုအတွက်ကတော့ ဒီနေ့ဟာပုံမှန်နေများထက်တောင်မှ ပိုမိုတက်ကြွနေသည်။ 

မြိုပြင်ရှိ လမ်းမများမှာ တိတ်ဆိတ်နေတတ်ပြီး ယခုအခါမှာတော့ လူငယ်တစ်စု ယာဉ်များဖြင့် ဆူညံနေသည်။ တစ်ယောက်နဲ့တစ်ယောက် ကားတွေကို အပြန်အလှန် ထုတ်ကြွားနေကြပြီး သူတို့ကားများအတွက် အလွန်ကို ဂုဏ်ယူနေကြလျှက်ရှိနေကြသည်။

အရာရာကိုရင်းနှီးမြုပ်နှံတာက ကောင်းတယ်မလား?

ပြီးတော့ pitbabeရောက်လာရင် ပိုလို့တောင်မှ စိတ်လှုပ်ရှားစရာကောင်းပြီး တလောကလုံးတောင်မှ လင်းထိန်သွားလိမ့်အုံးမယ်...

မြူးကြွတဲ့ တီးလုံးသံကျယ်လောင်စွာ ထွက်ပေါ်နေပြီး, မကြာခင်မှာ ရောက်လာတော့မယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲအတွက် အကြိုမြူးကြွအောင် လုပ်ဆောင်ပေးနေလေရဲ့...

မသိသေးတဲ့ လူတွေအတွက်ပြောပြရမယ်ဆိုရင် 'Midnight Race', ကျွမ်းကျင်တဲ့ ပြိုင်ကားသမားတွေဟာ ပိုမိုကြီးမားပြီး စိတ်လှုပ်ရှားစရာကောင်းတယ် ပြိုင်ပွဲမျိုးကို လိုချင်လို့ ဒီည ဒီမြို့ပြင်ရှိ လမ်းမထက်မှာ တွေ့ဆုံကြသည် ဖြစ်တယ်။

ပြိုင်ကွင်းထဲသို့ ဘယ်အခါမှ ဝင်ခွင့်မရတဲ့ အပျော်တမ်းသမားတွေကလည်း ဝင်ယှဉ်ပြိုင်လို့ ရသည်။ ဒီညပွဲဟာဆိုရင် ဘယ်သူမဆို ယှဉ်ပြိုင်လို့ ရပြီး လောင်းကြေးအနေနဲ့လည်း ပြိုင်လို့ရတယ်။

ပြိုင်ပွဲဝင်တွေရဲ့ စိတ်ဝင်စားမှု့ပေါ်မူတည်ပြီး ပတ်လမ်းကြောင်းတွေဟာ လောင်းကြေးဈေးအနိမ့်ဆုံးကနေ အမြင့်ဆုံးအထိ အမျိုးအမျိုးရှိသည်။ ပြီးတော့ တခါတလေ လောင်းကြေးဟာ ပိုက်ဆံမဟုတ်ပေ, ယှဉ်ပြိုင်မှုကို ပိုပြီး စိတ်လှုပ်ရှားစေပြီးတော့ ပိုပြီး ယှဉ်ပြိုင်နိုင်စိတ်တွေ တိုးအောင် လုပ်ပေးတဲ့ အရာတစ်ခုပေါ့....

ရှုံးတဲ့သူက နိုင်တဲ့သူကို သူတန်ဖိုးထားတဲ့ကား ပေးကြေးလိုမျိုးပေါ့...

ပြီးတော့ တခါတလေ သူတို့ရဲ့ ပိုင်ဆိုင်မှုကစားစရာလေးတွေကို လောင်းကြေးထပ်တာကလည်း သူတို့အတွက်တော့ ထူးဆန်းမနေ...

Pit babe (MM translation)Where stories live. Discover now