"ကိုယ်တို့မတွေ့ရတာကြာပြီနော် Babe"
"...."
ခုဆိုရင် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေဟာ သူတို့ကားတွေကို အဆင့်သင့် ပတ်လမ်းကြောင်းပေါ်နေရာယူထားသည်။
သူတို့ကားဘေးနားကနေ အသံတသံထွက်ပေါ်လာခဲ့သည်။ ထိုကားဟာ သူတို့ဘေးနားရောက်တာနဲ့ အင်ဂျင်စက်အသံကို ရပ်လိုက်သည်။Babeထို သူမကြားချင်တဲ့ အသံကို ကြားလိုက်ရတဲ့အခါမှာတော့ သူ့မျက်နှာက လုံးဝကိုမပျော်ရွှင်ဖြစ်သွားပြီး စိတ်အနှောင့်အယှတ်ဖြစ်စွာ မျက်လုံးလည်လိုက်သည်။
Babe ကားမှန်ဖွင့်လိုက်သည်ကို Charlieမြင်တော့ ချက်ချင်းဘဲ ဦးထုပ်အစွန်ကို ကိုင်လိုက်တာ လျှင်လျှင်မြန်မြန် ခေါင်းငုံလိုက်သည်။
Babe ကားမှန်ကို လက်နဲ့ထောက်ကာ တဖက်လူကို ဘာလဲဆိုပြီးတော့ မေးငေါ့ပြလိုက်တယ်, သူ့မျက်ဝန်းထဲမှာတော့ တဖက်လူကို အထင်သေးမှုတွေပြည့်နှံနေသည်။ သူစကားပြောရင်းနဲ့ သူဘေးကလူက ခေါင်းစောင်းပြီး လှမ်းကြည့်လာသည်ကို သူခံစားလိုက်ရတယ်။ သူချက်ချင်းကို ထိုကလေးရဲ့ ခေါင်းကို မညှာမတာစွာ ဖိချလိုက်သည်။
ကျစ်......ဒီသောက်ကလေးကတော့!
ဘယ်သူလဲ?
ဘယ်သူမလို့ Babeဒီလောက်ကြီး မုန်းနေရတာလဲ?
သူသိချင်စိတ်နဲ့ ခေါင်းထောင်ပြီး Babeမုန်းတဲ့လူက ဘယ်သူလဲဆိုတာကို လှမ်းကြည့်တော့မယ့်အချိန်မှာ Babeက သူ့ခေါင်းကို ဖိချလိုက်ပြီး တားခဲ့သည်။
"ကိုယ်မင်းကို လွမ်းနေတာ"
"...."
ထိုသူအသံကလည်း Babeစိတ်အနှောင့်ယှတ်ဖြစ်လည်းဖြစ်စရာဘဲ။ သူနားထဲမှာတောင်မှ ကန့်လန့်ကြီးဝင်လာတာ။
ကြည့်ရတာ ဒီနှစ်ယောက်ကြားထဲမှာ မကောင်းတဲ့ ကိစ္စတခုခုဖြစ်ခဲ့တယ်ထင်တယ်။
"မင်းအသစ်လေးတောင် ဒီခေါ်လာနိုင်မှတော့..."
"..."
"ကိုယ်ထင်ထားသလောက်လည်း မဆိုးဘူးထင်တယ်"
"..."
"ဘာဘဲဖြစ်ဖြစ် မင်းကငါ့ရဲ့ ဇနီးဟောင်းလေ"
"အော် အဲဒါက မှန်ရဲ့လား?" Babeရယ်လိုက်ပြီး အလွန်ကို အံအားသင့်သွားဟန်မျိုး ဟန်ဆောင်လိုက်ရင်းပြောလိုက်သည်။
YOU ARE READING
Pit babe (MM translation)
RomanceCharlie ဆိုတဲ့ကောင်လေးက ပြိုင်ကားမောင်းတဲ့သူဖြစ်ချင်တယ် ဒါပေမဲ့သူ့မှာ ကိုယ်ပိုင်ပြိုင်ကားမရှိဘူး... သူ့ပြိုင်ကားရဖို့ဆိုပြီး ပြိုင်ကားလောကရဲ့ဘုရင် Babeစီသွားပြီး အကူအညီတောင်းခဲ့တယ်။သူတို့က သူစိမ်းတွေဖြစ်ပေမဲ့ Pit babe ကူညီခဲ့တယ်... သဘောတူညီချက်တခုနဲ...