Part-3.1

652 10 0
                                    

"အခြေအနေဘယ်လိုလဲ ကိုယ့်လူ?" 

Wayသူ့ သူငယ်ချင်းဂိုဒေါင်ထဲကို ဝင်လာတာမြင်တာနဲ့ အပြုံးလေးနဲ့ နှုတ်ဆက်လိုက်တယ်။ 
Babeက လူသိများတဲ့ဘရန်း အနက်ရောင်တီရှပ်ကို ဝတ်ထားပြီး, ဘောင်းဘီတိုနဲ့ စတိုင်ကျတဲ့ နေကာမျက်မှန်ပါ ဝတ်ဆင်ထားသည်။ Babeက ခါတိုင်းလိုဘဲ ဘာဝတ်ဝတ်အလွန်ကိုကြည့်ကောင်းနေပါတယ်။

အရင်အပတ်တွေတုန်းက ပျောက်နေပေမယ့်ပေါ့...

"ဟယ်လို ကိုယ်လူချောလေးရေ~"  

သွယ်လျတဲ့ပုံရိပ်လေးဟာ မျက်မှန်ချွတ်လိုက်ပြီး သူ့ အရပ်ရှည်ရှည် သူငယ်ချင်းရဲ့ လည်ပင်းကို ဖက်ကာ သူအမြဲတမ်းလုပ်နေကျအတိုင်းဘဲ ပါးကို ခပ်ဖွဖွနမ်းလိုက်တယ်။

"ငါ့ကိုလွမ်းနေလား?" 

"ငါကဘဲ မင်းကို လွမ်းနေလားလို့ မေးရမယ့်သူပါကွာ" Wayတမင်ရွဲ့ပြီးမေးလိုက်သည်။

"မင်းက ကလပ်ကိုတောင် မလာတဲ့သူပါနော်"

"အို့.... တောင်းပန်ပါတယ်, ငါခုတလော ဘုရားတရားလိုက်စားနေလို့ပါကွာ"

"ဟက်, ကြိုးစားလှချည်လား"

Babe ခပ်ဖွဖွရယ်လိုက်တယ်။ Wayက သူရဲ့ဟာသတွေကို အမြဲတမ်းဘဲ ချက်ချင်းနားလည်လို့ အရမ်းကို ပျော်တယ်။ 
သူ့ကိုယ်သူသာ ထည့်မတွက်ဘဲနဲ့ ရီရင် Wayက သူ့ကို နားလည်မှု့အပေးနိုင်ဆုံးလူတယောက်ဘဲ...

အဲဒါကြောင့်ဘဲသူတို့နှစ်ယောက်ရဲ့ ပက်သပ်မှု့ကို လူတွေဟာ ခဏခဏအထင်မှားနေရတာဟာ မဆန်းပေ...

"အော်ဟုတ်သားဘဲ, ငါကလေးတယောက်ခေါ်လာတယ်"
သူဒီရောက်ကတည်းက Charlieပါသူ့နောက်မှာပါလာတယ်ဆိုတာ မေ့သွားခဲ့တယ်။ သူ သူ့နောက်ကိုလှည့်ပြီး တည်ငြိမ်စွာဖြင့် 
"ဒါက ငါ့သူငယ်ချင်းWay.သူက ဒီဂိုဒေါင်ပိုင်ရှင်ပြီးတော့ အားကစားကွင်းမှာရှိတဲ့ "The pit"ကို သူကစီမံခန့်ခွဲတာ"

"Sawatdeekrap" (ဆောဝတီးခ= မင်္ဂလာပါ)
လူငယ်လေးက ကို့ရိုးကားရားနိုင်စွာ နှုတ်ဆက်လိုက်သည်။ 

Wayက အသာခေါင်းငြိမ့်ပြလိုက်ရင်း Babeနဲ့ဆန့်ကျင့်ဘက်ဖြစ်တဲ့ ကောင်လေးရဲ့ ပုံစံကိုကြည့်ကာ ခပ်ဟဟရယ်လိုက်သည်။

Pit babe (MM translation)Where stories live. Discover now