"ကျွန်တော်ကိုယ် ကျွန်တော် ခင်ဗျားအတွက် အသုံးဝင်အောင် ကြိုးစားပါမယ်"
"မင်းအဲလိုလုပ်စရာ မလိုပါဘူး" Babe ခပ်တိုးတိုးပြောလိုက်တယ်။
Charlieရဲ့ မေးကိုပွတ်သပ်နေတဲ့ Babeရဲ့ လက်ချောင်းသွယ်သွယ်လေးတွေဟာ Charlieရဲ့ မေးကို ကိုင်ပြီး ထိုသူကို သူ့မျက်လုံးတည့်တည့်သို့ ကြည့်စေသည်။
"ငါလိပ်စာပေးခဲ့မယ်။ ဒီညကျတော့ လာတွေ့လဲ့"
"မင်းအသုံးဝင်လား မဝင်လားဆိုတာကိုတော့ နောက်ဆုံးကျမှဘဲ ဆုံးဖြတ်ပေးမယ်"
"...."
"နားလည်လား??"
"ဟုတ် နားလည်ပါတယ်" Charlie သူရဲ့ idolပြောတာနားလည်ပေမယ့်, ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ သိပ်တော့နားမလည်ပါ။ Babeသူ့ကို ဘယ်လိုမျိုး စမ်းသပ်မှာလဲ ဆိုတာ သူမသိသေးပါ။ ဒါပေမယ့် သူလိုချင်တာရဖို့အတွက်ဆိုရင်, ထိုသူ သူကိုဘယ်လိုမျိုးတွေဘဲ စမ်းသပ်လာပါစေ သူအကောင်းဆုံး ကြိုးစားမယ်။ ဒီလို အခွင့်အရေးမျိုးကို သူသေချာပေါက် လက်လွှတ်ခံမှာမဟုတ်ဘူး။
"ကောင်းပြီ"
"ကျွန်တော်ဒီည ကောင်းကောင်းလုပ်နိုင်ခဲ့ရင်, ကျွန်တော်ကို အသင်းစီခေါ်သွားပေးမယ်, အဲလိုလား"
Charlieရဲ့ ရိုးသားတဲ့ မေးခွန်းကြောင့် Babeမှာ ရယ်မိတော့လေတယ်။ ထိုကလေးရဲ့ မေးခွန်းထဲမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်ကိုမှ မတွေ့ပေမယ့်, သူလို အရမ်းကို ဖြူစင်တဲ့ လူရဲ့ စိတ်ထဲမှာတော့ ဒီမေခွန်းဟာ အရမ်းကိုမှ အမ်း.....
"အများကြီး ကြိုမတွေးထားနဲ့" Babeရီလိုက်ပြီး ထိုသူရဲ့ ပါးလေးကို ခပ်ဖွဖွပုတ်ကာ
"ဒါက အင်တာဗျူးတင် ရှိသေးတာ"
"အင်တာဗျူး???"
"အွန်း လက်တွေ့အင်တာဗျူးပေါ့"
"အော် ဟုတ်ပြီ"
"အင်တာဗျူးဆိုပေမယ့် အကောင်းဆုံးကြိုးစားပြီး လုပ်ရမှာနော်"
"ဟုတ် ကျွန်တော် အကောင်းဆုံး ကြိုးစားပါမယ်"
သူရဲ့ ကံတရားကBabeရဲ့ လက်ထဲမှာ ရှိပေမယ့် သူအတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားရမယ်!!!
YOU ARE READING
Pit babe (MM translation)
RomantikCharlie ဆိုတဲ့ကောင်လေးက ပြိုင်ကားမောင်းတဲ့သူဖြစ်ချင်တယ် ဒါပေမဲ့သူ့မှာ ကိုယ်ပိုင်ပြိုင်ကားမရှိဘူး... သူ့ပြိုင်ကားရဖို့ဆိုပြီး ပြိုင်ကားလောကရဲ့ဘုရင် Babeစီသွားပြီး အကူအညီတောင်းခဲ့တယ်။သူတို့က သူစိမ်းတွေဖြစ်ပေမဲ့ Pit babe ကူညီခဲ့တယ်... သဘောတူညီချက်တခုနဲ...