109-အမှန်တရားကို ရိပ်မိနိုင်ဖို့ လေနှင့်ရေ နတ်ကွန်းမှ ညချမ်းစကားဝိုင်း

994 122 7
                                    

|| အမှန်တရားကို ရိပ်မိနိုင်ဖို့ လေနှင့်ရေ နတ်ကွန်းမှ ညချမ်းစကားဝိုင်း [ အပိုင်း ၂ ] ||

အကယ်၍ ဒီစစ်ဆေးမှုကနေ အမှန်တကယ်ပဲ အပြစ်လွတ်အောင် ဉာဏ်နီဉာဏ်နက်ဆင်ပြီး လှည့်ဖြားချင်ခဲ့မယ် ဆိုရင် သူဟာ အဖြေကို မရေမရာ ဒါမှမဟုတ် စသလိုနောက်သလိုလုပ်ပြီး ဖြေလိမ့်မယ် ။ ဒါပေမဲ့ သူက ပထမမေးခွန်း နှစ်ခုကို ရိုးရိုးတန်းတန်းနဲ့ လှည့်စားမှုမပါဘဲ ပြတ်ပြတ်သားသား ဖြေခဲ့တာကြောင့် နောက်ဆုံးတစ်ခုဟာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်သင့်တယ် ။ အကယ်၍ ဒီလိုမဟုတ်ခဲ့ရင်တော့ မင်ရီရဲ့ အမူအကျင့်နဲ့ ကွဲလွဲသွားပြီး သူဟာ ပုံမှန်မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်လိမ့်မယ် ။

ရှဲ့လျန်နဲ့ မင်ရီဟာ တစ်ယောက်နဲ့ တစ်ယောက် တည်ငြိမ်စွာ စိုက်ကြည့်နေကြတယ် ။ တစ်ခဏအကြာမှ မင်ရီက ပြောလာတယ် ။

သူဟာ အရင်နှစ်ကြိမ်က ဖြေခဲ့တဲ့ လေသံအတိုင်း အပြောင်းအလဲ မရှိဘဲ ပြန်ဖြေခဲ့တယ် ။

" အရှင်သခင်ငါးပါးထဲက တစ်ယောက် .. ရေအရှင်သခင် ဝူတုရဲ့ ညီ .. လေအရှင်သခင် ချင်းရွှမ် "

ရှီးချင်းရွှမ်က ခေါင်းတယမ်းယမ်းနဲ့ ပြောတယ် ။

" ဟင်း ~ မင်းဘာလို့ 'ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်း' လို့ မပြောရတာလဲ ?"

မင်ရီက သူ့ကို ကြည့်လိုက်တယ် ။

" ဘယ်သူကတုံး ?"

ဒါကိုကြားတော့ ရှဲ့လျန် တိတ်တဆိတ် သက်မချလိုက်မိတယ် ။

အထက်မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်းပဲ ဗလွတ်ရွှတ်တ အမတသခင်ကို " အမတသခင်" လို့ ခေါ်ဆိုပေမဲ့ သူဟာ မြင့်မြတ်စင်ကြယ်တဲ့ စိတ်ဝိညာဉ်ရှိတဲ့ "အမတသခင်" စင်စစ်မဟုတ်ဘူး ။ သူ့ကို တစ္ဆေ သရဲ မိစ္ဆာအမျိုးအစားထဲ ထည့်သွင်း ထားနိုင်သေးသ၍ သူဟာ သူတို့ရဲ့ ထူးခြားတဲ့ အမူအကျင့်ကနေ ဘယ်တော့မှ ကွဲလွဲ လွတ်မြောက်မှာ မဟုတ် ။ စကားသုံးခွန်း ပြီးမြောက်သွားပြီ ဖြစ်ပြီး သုံးခွန်းလုံးဟာ ချွင်းချက်မရှိ မှန်ကန်ခဲ့တာကြောင့် ကြည့်ရတာ မင်ရီနဲ့ ပတ်သတ်လို့ ဘာမှ ချွတ်ချော် လွဲမှားနေတာမျိုး မရှိနိုင် ။ ရှီးဝူတု နဲ့ ရှီးချင်းရွှမ်ဟာ အမှန်တကယ် သွေးရင်းသားရင်း ညီအစ်ကိုတွေ မဟုတ်ကြဘူး ဆိုတာမျိုးက လွဲရင်ပေါ့လေ ။ ဒါပေမဲ့ ဒီလို မယုံကြည်နိုင်လောက်တဲ့ ထိတ်လန့်ဖွယ်ရာ အလှည့်အပြောင်းမျိုးကတော့ ရှိနိုင် ဖြစ်နိုင်မှာမဟုတ်ဘူး ။

ထျန်းကွမ်းစစ်ဖူ (volume 3 Unicode)Where stories live. Discover now