136-ကျွန်ုပ်၏ ဖူကျိနတ်ကွန်း လုံးဝဥဿုံ ပြိုကျသွားပြီ

936 133 3
                                    

|| ကျွန်ုပ်၏ ဖူကျိနတ်ကွန်း လုံးဝဥဿုံ ပြိုကျသွားပြီ [ အပိုင်း ၂ ] ||

ဒါပေမဲ့ ဘယ်သူသိမှာလဲ ။ စိတ်အာရုံ အတွေးစက်ဝန်းထဲ ဘယ်သူကမှ သူပြောတာကို နားထောင်မနေခဲ့ဘူး ။ ပြဿနာ တစ်စုံတစ်ရာ ကြီးကြီးမားမား ဖြစ်နေခဲ့သလိုမျိုး နတ်မင်းတွေ အားလုံးဟာ ပွက်လောညံစွာ စကားတွေများနေကြတယ် ။ ရှဲ့လျန်က ဖုန်းရှင့်အော်တာကို ကြားလိုက်ရတယ် ။

" အရှင့်သား ? သင်တစ်ခုခုပြောလိုက်တာလား ? အခုဒီမှာ ပရမ်းပတာတွေ ဖြစ်နေပြီ !!!"

ရှဲ့လျန်က သူ့အသံကို မြှင့်လိုက်တယ် ။

" ဖုန်းရှင့် ! ကျွန်ုပ်ပြောတာ အမတကျင်ခပ်အင်္ကျီကို ဖန်တီးခဲ့တဲ့သူက လင်းဝမ်လို့ !!! သူအခု အဲဒါကိုဝတ်ပြီး ထွက်ပြေးသွားပြီ !! သူ့ကို ရှာကြ !!!!!"

" ဘာ !!!" ဖုန်းရှင့်က အော်တယ် ။

" ဒီလိုကိစ္စမျိုးရှိတာလား?! "

ရှဲ့လျန်က အသေးစိတ်ကို ချဲ့ကားရှင်းပြတော့မဲ့ဆဲဆဲ နားထဲမှာ ပွက်လောညံနေတဲ့ အသံတွေဟာ ရုတ်ခြည်းရပ်တန့်သွားပြီး ဘာမှ ထပ်မကြားရတော့ဘူး ။ ထိတ်လန့်ကြောင်အမ်းသွားရင်း သူထပ်ခေါ်ဖို့ ကြိုးစားလိုက်တယ် ။

" အားလုံးပဲ ? တစ်ယောက်ယောက် ရှိနေသေးလား ?"

သူအကြိမ်ပေါင်းများစွာ ခေါ်ပေမဲ့ ပြန်ဖြေသူမရှိ ။ ဟွားချန်က ပြောလာတယ် ။

" အသုံးမဝင်တော့ဘူး ! အထက်ကောင်းကင်ဘုံ ရဲ့ စိတ်အာရုံအတွေးစက်ဝန်းက လင်းဝမ် စီရင်ထားတာ .. သူအခု အဲဒါကို ဖျက်ပစ်လိုက်တာ ဖြစ်ရမယ် .. ပြန်စီရင်ဖို့ လိုလိမ့်မယ် "

ရှဲ့လျန် အံ့သြတုန်လှုပ်သွားတယ် ။

" အဲဒီတော့ ဘယ်လိုလုပ်ကြမတုံး ?"

ပုံမှန်အားဖြင့် သူ အထက်ကောင်းကင်ဘုံနဲ့ ဆက်သွယ်တဲ့အခါ အများသုံး စိတ်အာရုံ အတွေးစက်ဝန်းကို ဖြတ်၍ဖြစ်စေ လင်းဝမ်ဆီ တိုက်ရိုက် ဆက်သွယ်၍ဖြစ်စေ သို့မဟုတ် လေအရှင်သခင်ဆီ ဖြစ်စေ ဆက်သွယ်ခဲ့တာပဲ ။ သူအနေနဲ့ အခြားသော ကောင်းကင်ဘုံ နတ်မင်းတွေရဲ့ စကားဝှက်တွေကို သိရှိမနေခဲ့ဘူး ။ အခုနေအချိန် လင်းဝမ်ကိုရော လေအရှင်သခင်ကိုရော အားကိုးလို့ မရတော့တဲ့အပြင် အများသုံးစိတ်အာရုံ အတွေးစက်ဝန်းကြီးပါ ဖျက်ဆီးခံလိုက်ရပြီဆိုတော့ သူဘယ်လိုလုပ်ရပါတော့မလဲ ?

ထျန်းကွမ်းစစ်ဖူ (volume 3 Unicode)Место, где живут истории. Откройте их для себя