126-စိတ်ဇောအဟုန်ကြောင့် ပျံ့လွင့်သွားရသော မင်ရည်စများ

1.1K 130 12
                                    

|| တမ်းချင်း ခေါင်းစီးနှင့်အတူ စိတ်ဇောအဟုန်ကြောင့် ပျံ့လွင့်သွားရသော မင်ရည်စများ ||


ရှဲ့လျန် အနည်းငယ် အံ့အားသင့်သွားတယ် ။

" ဒါဆို ဘယ်သူဖြစ်နိုင်လောက်လဲ ? ထုံးစံအရဆိုရင်တော့ ဒီလို မိုးသက်မုန်တိုင်းထဲ လူငါးဆယ်ကျော်ထက် ပို ပါမသွားသင့်ဘူး "

" ကျွန်တော့် အထင်တော့ ပန့်ယွဲ့ ကိစ္စဆီ ဦးဆောင်ခေါ်သွားတဲ့ ကိုယ်ထည်အခွံလွတ် ကျင့်ကြံသူကို ပို့လွှတ်လိုက်တဲ့သူနဲ့ တစ်ယောက်တည်း ဖြစ်မယ် ထင်တယ် "

အကယ်၍ ဒီလိုသာ မှန်ခဲ့ရင် အချိန်တိုင်းမှာ ကိစ္စတိုင်းရဲ့ အတွင်းကျကျထဲအထိ ရောက်အောင် သူ့ကို တွန်းပို့နေတဲ့ လက်တစ်ဖက် အမြဲ ရှိနေခဲ့ဟန်တူတယ် ။ အနည်းငယ် ခေါင်းခြောက်သလို ခံစားလိုက်ရပြီးနောက် ရှဲ့လျန်တစ်ယောက် တွေးဆဆနဲ့ ရေရွတ်လိုက်မိတယ် ။

" အဲဒီလူမှာ ဘယ်လို ရည်ရွယ်ချက်မျိုးရှိနေလို့လဲ ?"

ဟွားချန်ကလည်း ခေါင်းကို ခါယမ်းလိုက်ပြီး အတွေးနက်နေဟန်တူတယ် ။ အဲဒီအချိန် အပြင်ဘက်ဆီက ကလေးတွေ ရယ်ရင်း မောရင်း ပြေးလာတဲ့ အသံတွေ ကြားလိုက်ရပြီး သူ့ရဲ့ စူးရဲရဲ မျက်ဝန်းတွေဟာ အပြင်ဘက်ဆီကို ဖြတ်ခနဲ ရွေ့သွားတယ် ။ သူ့အကြည့်နောက်ကို လိုက်ရင်း ရှဲ့လျန် ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ပေမဲ့ ကလေးလေးနှစ်ယောက် အပြင်မှာ ကစားနေကြတာကိုသာ တွေ့လိုက်ရတယ် ။ ကူကျစ်ဟာ လန်ယင်ရဲ့ ပုခုံးပေါ်မှာ တက်စီးနေပြီး ပေါ့ပေါ့ပါးပါး မြူးကြွရွှင်ပျစွာနဲ့ ။

တရားနည်းလမ်းကျစွာပဲပေါ့ ။ ရေအရှင်သခင်က ထီမထင်စွာ ပရိယာယ်ဆင် ဗြောင်လိမ်ပြီး အစစ်ကို အတုနဲ့ အစားထိုးတဲ့ကိစ္စ ၊ လေအရှင်သခင်ဟာ အတုအယောင် ၊ မြေအရှင်သခင်ကလည်း အတုအယောင် ၊
ရေအရှင်သခင်ရဲ့ ဦးခေါင်းနဲ့ ခန္ဓာ အိုးစားကွဲသွားပြီး ဦးခေါင်းဟာ ဘယ်နေရာမှာမှ ရှာမတွေ့ စတဲ့ ကိစ္စကြီး လေးရပ်ဟာ တစ်ခုထက် တစ်ခုက ပိုအရှိန်ပြင်းထန်စွာနဲ့ အထက်ကောင်းကင်ဘုံမှာ မိုင်းဗုံးလေးလုံး ဆက်တိုက် ပေါက်သည့်နှယ် အထက်နှင့် အလယ် ကောင်းကင်ဘုံ နှစ်ဆင့်လုံး ရုန်းရင်းဆန်ခတ် ပွက်လောရိုက်စေသည့် အရေးအခင်းကြီးတစ်ခု ဖြစ်သွားတော့တယ် ။

ထျန်းကွမ်းစစ်ဖူ (volume 3 Unicode)Where stories live. Discover now