143-ထုံလူတောင် ပွင့်လို့ တစ္ဆေတစ်သောင်း စုရုံးပြီိ

1K 133 10
                                    

|| ထုံလူတောင် ပွင့်လို့ တစ္ဆေတစ်သောင်း စုရုံးပြီ [ အပိုင်း ၁ ] ||


နောက်တစ်နေ့မှာ ရှဲ့လျန်နဲ့ ဟွားချန်တို့ ခရီးစထွက်ကြတယ် ။

ဟွားချန်က ရှဲ့လျန်ရဲ့ လက်ကို ဆွဲထားရင်း ပြောလာတယ် ။

" ကောကော နောက်တစ်ခါ ကျွင်းဝူကိုတွေ့ရင် စကားမပြောနဲ့ လှည့်သာပြေး ဝေးဝေးကို "

ရှဲ့လျန် ဇဝေဇဝါ ဖြစ်သွားတယ် ။

" ဘာလို့လဲ ?"

" သူ ကောကောကို လာရှာတဲ့ အကြိမ်တိုင်း ဘယ်တော့မှ ကောင်းတဲ့ ကိစ္စကြောင့်မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ် " ဟွားချန်ကပြောတယ် ။

ရှဲ့လျန်က ရယ်လိုက်တယ် ။

" အဲဒါဘာအဓိပ္ပါယ်လဲ? သူငါ့ကို အစက တာဝန်ပေးတဲ့ အလုပ်က ဒါမှမဟုတ်တာကို "

ဒါပေမဲ့ ဟွားချန်ကပြောတယ် ။

" အတူတူပဲလေ ! ထုံလူတောင်ကို သွားသွား သူ့ကို ကူညီပြီး ကောင်းကင်ဘုံကိုပဲ စီမံစီမံ ဘယ်ဟာကမှ ကောင်းတဲ့ တာဝန် မဟုတ်ဘူး ! အခု အထက်ကောင်းကင်ဘုံက ပုပ်သိုးဆွေးမြေ့ပြီး တစစီ ပြိုကွဲတော့မှာ စောစောစီးစီး ပြီးပြတ်လိုက်ပါတော့... အဲဒီ ပျက်စီးယိုယွင်းနေတဲ့ အစုပ်အပြတ်ကို လာပြီးထိုးပေးနေတော့ ဘာသွားလုပ်ရမှာလဲ ? အဲဒါက ဓားရှည်နဲ့ သတ်သေမလား ဓားတိုနဲ့ သတ်သေမလား ကြိုက်ရာရွေး ဆိုတာနဲ့ မခြားဖြစ်နေတာလေ "

ရှဲ့လျန်တစ်ယောက် ထိန်းချုပ်မထားနိုင်တော့ဘဲ ရယ်မိတော့တယ် ။ ဒါပေမဲ့ ရယ်မောပြီးတဲ့နောက် သူက အတည်အတန့်ပြောလာတယ် ။

" ဒါပေမဲ့ မင်းငါ့ကို အဖော်လုပ်ပြီး ထုံလူတောင်ကို လိုက်လာပေးလိမ့်မယ်လို့ ငါတကယ် ထင်မထားဘူး...ငါစဉ်းစားနေတာကြာပြီ ... ဒါပေမဲ့ ငါမင်းကို ပြောဦးမှ ဖြစ်မယ် ... စန်းလန် မင်း ကိုယ့်ဟာကိုယ်ဇွတ်အတင်း မလုပ်ပါနဲ့ !"

ဟွားချန်ဟာ သူဘာစဉ်းစားနေတယ်ဆိုတာကို သိတာကြောင့် သူနဲ့အတူ လိုက်ခဲ့ပေးခဲ့တာလို့ ရှဲ့လျန် အမြဲတစေ ခံစားမိနေတယ် ။ ရှဲ့လျန်က ကောင်းကင်ဘုံကို သွားပြီး သူမကျွမ်းကျင်တဲ့ အလုပ်တစ်ခုကို လုပ်ရမှာထက် ကြေးနီဖို ထဲ ပိတ်ခံရပြီး စိတ်ရောကိုယ်ပါ နှစ်မြုပ်သတ်ဖြတ်ရတာက ပိုပြီး အားရကျေနပ်စရာကောင်းလိမ့်မယ်လို့ တကယ်ပဲ ခံစားရတယ် ။ ဒါပေမဲ့ ဟွားချန်က ပြောလာတယ် ။

ထျန်းကွမ်းစစ်ဖူ (volume 3 Unicode)Where stories live. Discover now