Unicode
ရှောင်ကျန့်မျက်လုံးများဖွင့်လိုက်ချိန်တွေ့လိုက်ရသည်ကာ ရင်ပြင်ကျယ်ကျယ်တစ်ခု ဘယ်ဘက်ရင်အုံတွင်သွားရာများထင်ကျန်နေသည့်ရင်ပြင်ကျယ်ကျယ်ပင်။ နွေးထွေးနေတဲ့အထိအတွေ့များနှင့်အတူနာကျင်နေသည့်အောက်နားတစ်နေရာကြောင့်မျက်လုံးများပြူးကျယ်သွားရသည်။
"အာ့!"
ရုတ်တရက်ထထိုင်မိသည်ကြောင့် စူးအောင့်လာသည်။ ခါးကိုကိုင်ကာငိုမဲ့မဲ့ဖြစ်နေသည့်ရှောင်ကျန့်က ပူးကိုဆဲဖို့လည်းမမေ့ပါချေ။
*ပူးအစုတ်ပလုတ် ပူးစုတ် ပူးနာ spaceထဲပြန်ရောက်ရင်တံကျင်လျိုပြီးကင်စားပစ်မယ်*
[Hostကလဲ အဲ့ဒါပူးနဲ့မဆိုင်ဘူးအထက်ကပို့တာ]
*အေးအဲ့ဒါဆိုလည်းအဲဒီ့အထက်လူကြီးကိုကင်စားမယ်*
[အိ! Host is so so scary]
"နိုးနေပြီလား"
ဩရှရှအသံနှင့်အတူ ရှောင်ကျန့်ခါးကိုအနောက်မှရစ်တွယ်လာသည့်လက်တစ်စုံ။ ပုခုံးပေါ်မေးတင်ကာ လည်တိုင်ကိုနမ်းရှိုက်နေပြန်သည်။
"ဖယ် လွှတ်အုံး"
"အင်းအင်း အရမ်းနာနေလား ညကကိုယ်..."
"မပြောနဲ့ရှက်စရာကြီး ရေချိုးချင်တယ်"
"အင်း ကိုယ်ပွေ့သွားပေးမယ်"
ရေချိုးခန်းထဲရောက်သည်နှင့်ထိုလူ့ကိုအပြင်တွန်းထုတ်ကာ ရေအရင်ချိုးလိုက်ပြီးအပြင်မထွက်သေးဘဲဇာတ်ကြောင်းဖတ်ဖို့ပြင်ရသည်။ ဇာတ်ကြောင်းမသိရင်အဆင်ပြေမနေဘူးလေ။
[Hostရေပို့ပြီနော်]
*အင်း*
ဇာတ်လမ်းကရိုးရှင်းပါတယ် သူ့နာမည်ကပတ်ချယ်ဆွန်း နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး GayဟုComeoutလုပ်ထားသူဖြစ်သည်။ နာမည်ကြီးModel လီဆိုယွန်းရဲ့မိတ်ကပ်ဆရာဖြစ်ပြီး ပါတနာဆိုလည်းဟုတ်သည်။ ဆိုယွန်းကနာမည်ကြီးModelဖြစ်သည့်အလျောက် တွဲချင်သူများဝိုင်းဝိုင်းလည်နေပေမဲ့ ဆိုယွန်းကချယ်ဆွန်းတစ်ဦးတည်းနှင့်သာပတ်သက်မှုထားသည်။ ချစ်သူရည်းစားအဖြစ်မပြောနှင့် one night standတောင်မရှိပေ။ ဆိုယွန်းရဲ့အရာရာကိုချယ်ဆွန်းကသာပိုင်ဆိုင်ထားရသူဖြစ်သည်။ သို့ပေမဲ့ နာမည်ရခါစအမျိုးသမီးModel ကင်မ်မီဟိုနဲ့အလုပ်တွဲမလုပ်ခင်ထိအဆင်ပြေနေတဲ့ဆက်ဆံရေးကသူမရောက်လာပြီးမှတစ်စတစ်စပျက်ဆီးလာရသည်။
YOU ARE READING
ФанфикUnicode + Zawgyi Start Date= 28.9.2023 End Date= 4.3.2024