Unicode
"အွန်းးး....လွှတ်...ပြွတ်...ဟင့်"
Benအတင်းရုန်းကန်လာတော့မှာ နမ်းနေသည်ကိုရပ်ပေးလာပေမဲ့ ဖက်ထားတာကိုတော့မလွတ်ဘဲတင်းကြပ်စွာဖက်ထားလေသည်။
"Braydenမင်းဘယ်လိုဖြစ်နေတာလဲ ငါ့ကိုလွှတ်စမ်း"
"ကျွန်တော်မေးတာကိုဖြေလေ ကျွန်တော်ကတကယ်ပဲခင်ဗျားအပိုင်လားလို့"
"ဘယ်လိုဖြစ်တာလဲ Brayden"
"ကျွန်တော်မေးတာဖြေစမ်းပါBenရာ"
"ဟုတ်တယ်မင်းကငါ့အပိုင်ပဲ မင်းကိုMariaအပိုင်ဖြစ်ခွင့်မပေးနိုင်ဘူး"
"ဘာလို့လဲ"
"မင်းကိုချစ်လို့ပေါ့ ရပြီလားကြားချင်တာကြားရပြီမလားလွှတ်တော့ငါ့ကို"
"အဟက်! ခင်ဗျားကဒီလိုကြပြန်တော့လဲချစ်ဖို့ကောင်းသားပဲ"
"ဘယ်သူမှမင်းအမြင်ကိုမေးမနေဘူး Ok"
Benသူ့ကိုလွှတ်မပေးတာကြောင့် Braydenလက်ကိုအတင်းဆွဲဖြုတ်ကာ ခြေထောက်ကိုတက်နင်းပြီးအိမ်အပေါ်ထပ်တက်လာလိုက်သည်။ အဲ့လိုမှမရုန်းရင်ထပ်အနမ်းခံရနိုင်တယ်။ ကော်ဖီလည်းမသောက်လိုက်ရတော့တာကြောင့်စိတ်ပေါက်ပေါက်နဲ့ နောက်ပြန်လှည့်ကာBraydenခေါင်းကိုပြေးခေါက်လိုက်သည်။
'ဒေါက်'
"မင်းကြောင့်ကော်ဖီမသောက်လိုက်ရဘူး ဟွန့်"
Braydenကတော့ ဆောင့်အောင့်ကာထွက်သွားတဲ့Benကိုကြည့်ပြီးပြုံးနေလေသည်။ BenကMariaပြောတာတွေနဲ့လုံးဝကိုဆန့်ကျင်ဘက်ပင်။ Benကိုဒီရက်တွေထဲသူစောင့်ကြည့်နေခဲ့တာပင်။ ဒါပေမဲ့BenကMariaပြောသလိုသူမကိုနှိပ်စက်ခြောက်ချတာမျိုး၊ Braydenကိုကပ်တာမျိုးမရှိပေ။ တစ်ခုပဲအရမ်းစွာပြီးချစ်စရာကောင်းလာတာပင်။ ငယ်ငယ်ကတည်းကBenကအနေအေးတာကြောင့်Braydenနဲ့သိပ်ပြီးရင်းနှီးမှုမရှိပေ။ ဒါကြောင့်လဲBraydenသူ့အပေါ်အထင်လွှဲမိတာပင်။ ဟုတ်တယ်သူအထင်လွှဲမိခဲ့တယ် ဒါကြောင့်သူMariaအကြောင်းကိုလဲသူမမသိအောင်စုံစမ်းခဲ့သည်။ သူမကလောဘကြီးပြီးစိတ်ထားမပြည့်ဝတဲ့အပြင် Benကိုလဲအမြဲတမ်းစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ဖို့ကြိုးစားလေ့ရှိတာကိုသိလိုက်ရသည်။
YOU ARE READING
ФанфикUnicode + Zawgyi Start Date= 28.9.2023 End Date= 4.3.2024