"ဖေဖေတေးသန့်စင်ခန်းခနသွားချင်လို့ "
"သွားလေးသမီးရဲ့မမကိုပါအဖော်ခေါ်သွားလိုက်"
" ရပါတယ်ဖေဖေရယ်သမီးမကြာပါဘူး "
ဦးကောင်းခေါင်းညိမ့်ပြလိုက်သည်နှင့်ခပ်သွက်သွက်ပင်ထွက်သွားလေ၏
အမှန်ကမဟာရှေ့မှာဆက်မနေရဲတော့၍ကူလီကူမာများလိုက်ချင်းပင်
ထွက်သွားသောချစ်တေးကမလုံတလုံပုံစံလေးနဲ့မို့ မဟာတယောက်ပြုံးလိုက်မိသည်
သန့်စင်ခန်းရှိရာသို့မြန်မြန်လျှောက်လာရင်းဟိုကြည့်ဒီကြည့်လုပ်နေပုံမှာမသိရင်မသမာမူပြုတော့မည့်သူလို
ဂျောက်စ်..
သန့်စင်ခန်းတံခါးအားတွန်းဖွင့်ပြီးဝင်လိုက်သည်နှင့်ဆိုး
ရိမ်စိတ်တို့အနည်းငယ်လျော့ကြသွားသလိုခံစားလိုက်ရသည်အသက်ကိုဝအောင်ရှူရှိုက်ရင်းတုန်ရီနေသောကိုယ်လေးအားထိန်းထားမိသည်
မဟာရှေ့တွင်တေးတယောက် အသက်ရူဖိုပင်မေ့လောက်အောင်စိတ်လူပ်ရှာနေခဲ့ချင်းပင် လေထုအားပင့်သက်ရူရှိုက်ရင်းသက်ပြင်းရှည်ကြီးချလိုက်၏
"ဟင်း................
သူနဲ့မှလာတွေ့ရတယ်လို့... တော်သေးတယ် ငါ့ကိုသူ
မမှတ်မိပေလို့ပေါ့"တေးတယောက်စိတ်လိုလက်ရရေရွတ်မိသည်
ထိုစဥ်ထွက်ပေါ်လာသောအသံတခုကြောင့်သူမကိုယ်လေးတွန့်တက်သွားရလေသည်"ငါ့ကိုရှောင်နေတာလား "
"အမေ့."
ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့်လန့်သွားရာနောက်သို့ ဆုတ်မိလိုက်တော့အမှားမှား
အယွန်းယွန်း ခြေလှမ်းတွေကြောင့်ခလုတ်တိုက်လဲကျသွားသည်က မဟာရင်ခွင်ထဲသို့မဟာမှာလည်း ယိုင်ကြလာသော ကိုယ်သေးသေးလေးကိုခပ်ဖွဖွလေးပင်အလိုက်သင့်ဖက်ထားပေးလိုက်သည်
"တောင်းပန်ပါတယ် ..တောင်းပန်ပါတယ် "
ပြောရင်းမဟာရင်ခွင်ထဲမှာကမန်းကတန်းထွက်ကာ
ထွက်ပြေးမည့်အလုပ် သန်မာလှသည့်လပ်တစုံ၏ဆွဲယူချင်းကိုခံလိုက်ရလေသည်