"ခွင့်ပြပါတယ်ကွယ်မောင်မဟာတယောက်လုံးပါနေတာပဲအစတည်းကယုံလို့မောင်မဟာဆီအပ်ထားတာပေါ့"
" ဦးကောင်းပြောတာကိုကျွန်တော်နားလည်ပါတယ်
ဒါပေမဲ့ဦးတို့ကိုလဲအသိပေးသင့်တယ်လို့ထင်လို့ပါ""ဟုတ်ပါပြီကွာဦးကတော့ခွင့်ပြုပြီးသားပါသမီးလေးကိုသင်ပြပေးတဲ့မောင်မဟာကိုတောင်ဦးကကျေးဇူးတင်ရအုံးမယ်"
" ရပါတယ်ဗျာ ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်"
" ေကာင်းပါပြီ"
ခွင့်တောင်းပြီးသည်နှင့်မဟာတို့ထွက်သွားချိန်မကြေမနပ်နှင့်ဒေါပွကျန်သူကမာယာ ဖြစ်သည်
" ဖေဖေညမလေးကိုတယောက်ထဲပေးလွတ်တာ
မကောင်းဘူးထင်တယ်နော်သမီးတော့စိတ်မချဘူး
ဒါမှမဟုတ်သမီးပါလိုက်သွားလိုက်ရင်
မကောင်းဘူးလားဟင်"" သမီးကလဲမောင်မဟာနဲပဲဟာဘာစိတ်မချစရာရှိမလဲ သူဘယ်လိုလူမျိုးလဲဆိုတာဖေဖေအသိဆုံးပါ ပြီးတောအခုဟာကနိုင်ငံခြားသားတွေနဲ့တွေ့ဆုံပွဲမှာသမီးငယ်ကိုအတွင်းရေးမူးနေရာကထားပြီးခေါ်တာဆိုတော့သမီးငယ်လေးအတွက်လဲအတွေ့အကြံရတာပေါ့ ကဲပါသမီးညမလေးလေးစိတ်မပူနဲ့တော့ဟုတ်ပြီလား ဖေဖေပင်ပန်းနေလို့နားတော့မယ်"
ဦးကောင်းစိတ်အေးလက်အေးပြော၍ထွက်သွားပေမဲ့မာယာကတော့နဲနဲမှမကျေနပ်ပေ
💝💝💝💝💝
"ကလေးလေးဒီညကိုကိုနဲ့အတူတူရှိနေရတာ
ကလေးလေးမပျော်ဘူးလားဟင် "ဘေးတဖက်သို့မျက်နှာမူကာတွေတွေလေးငိုင်နေသောသူမကိုကြည့်၍မဟာမေးလိုက်၏
"ကလေးလဲပျော်ပါတယ်ကိုကိုရယ်"
တေးပြန်သာဖြေလိုက်ပေမဲ့မျက်နှာလေးရွှင်လန်းမနေ
"ပျော်တယ်သာပြောနေတာ
ကလေးမျက်နှာကငြိုးနေတာပဲနော်"" အဲ့ဒါက ကလေးစိတ်ထဲမကောင်းလို့ပါဖေဖေကို
အခုလိုတခါမှမလိမ်ဖူးဘူး"" ကလေးရယ်ကိုကိုကလဲလိမ်ပြောရတာကိုအမုန်းဆုံးပါ ဒါပေမဲ့ဒိလိုမှမလုပ်ရင်ကိုကိုတို့နှစ်ယောက်လွတ်လွတ်တွေ့ရမှာမဟုတ်ဘူးလေ ကိုကိုကတော့ကလေးကလွဲရင်ကျန်တာဂရုမစိုက်ဘူး "