"ကိုကို ကလေးကိုစိတ်မဆိုးဘူးမလားဟင်"
"ဘာလို့လဲကလေးရဲ့ကိုကိုကဘာလို့စိတ်ဆိုးရမှာလဲ"
" ကလေးကသမီးရင်းမဟုတ်ဘူးဆိုတာကိုလေ"
" အော်ကလေးရယ်
ကိုကိုကဟော့ဒီက ကလေးလေးဖြစ်နေလို့ကိုချစ်တာ သမီးရင်းတေမွေးစားသမီးတေကိုကိုစိတ်မဝင်စားဘူး
ဒါနဲလေ ကလေးကိုအဲ့လို့အနိုင်ကျင့်နေတာကြာပြီလားဦးကောင်းရောသိလား"" ဖေကြီးမသိပါဘူး ကလေးလဲပြောမပြခဲ့ဘူးလေ"
" ကလေးကလဲအခုလို့တေလုပ်နေတာပြောသင့်တာပေါ့ ဦးကောင်းကိုမပြောချင်ရင်တောင်
ကိုကို့ကိုပြောလို့ရတယ်လေ"" တေးအတွက်နဲ့ဘယ်သူကိုမှအလုပ်မပိုစေချင်လို့ပါ"
" မဟုတ်တာကလေးရယ်ဘယ်သူကိုမှမပြောရင်
ကလေးပဲခံစားရမှာပေါ့နောက်ကျဘာပဲဖစ်ဖြစ်ကိုကို့ကိုအရင်ပြောနော် ကလေးပျော်နေတာပဲမြင်ချင်တယ်ကွာထပ်ပြီးစိတ်မဆင်းရဲစေချင်တော့ဘူး "ဂရုဏာသက်စွာကြည့်ကာပြောလာသော သူပါးလေးကိုသူမအသာလေးကိုင်ရင်းပြုံး၍
"ဟုတ်ပါပြီရှင်နောက်နောင်ဘာပဲဖြစ်ဖြစ်ဟော့
ဒိကလူကြီးကိုအရင်ပြောမှာဖြစ်လို့စိတ်မပူနဲ့တော့နော်"" ဟောကြည့်ဘာကိုလူကြီးလဲပြောရင်းနဲ့စကားဖောက်လာပြန်ပြီကောင်မလေးနော်နာချင်နေပြီနဲ့တူတယ်"
" လူကြီးနော်"
မဟာပြောရင်းတေးကိုယ်လေးကိုကုတင်ပေါ်သို့လှဲချလိုက်ကာသူမနုတ်ခမ်းဖူးဖူးလေးတေကိုငုံ့နမ်းလိုက်ရင်း
"ကလေးလေးကိိုအရမ်းချစ်တယ် ဘာကြောင့်ပဲဖစ်ဖြစ်ကိုကို့နားကထွက်မသွားရဘူးနော်သိလားကလေးမရှိရင်မနေတတ်တော့ဘူး"
"အင်းပါကိုကိုရယ်ကလေးလဲကိုကိုအနားကဘယ်မှ
မသွားပါဘူးစိတ်ချနော် ကလေးတို့ အိုမင်းသွားတဲ့ထိအတူတူနေကျမယ် ""တခုကျန်သေးတယ်ကလေးလေး "
"ဟင် ဘာလဲကိုကိုရဲ့"
"သားသားမီးမီးလေးတွေမွေးပေးရအုံးမယ်လေ"
" ဟာ..ကိုကိုကလဲရှက်စရာကြီးကွာ "