"သမီးမာယာ ညီမလေးကို
စောင့်ရှောက်ထားလိုက်အုံးနော်
ဖေဖေအလုပ်ကအရေးပေါ်လာလို့နယ်ဘက်
မြန်မြန်ခရီးထွက်ရမယ် ညမလေးပြန်လာရင်လဲ
ဖေဖေကနုတ်ဆက်သွားတယ်လို့ပြောလိုက်ပါအုံး
ဒီတခေါက်ကကြာချင်ကြာမှာ"" အင်းပါဖေဖေရယ်စိတ်ချလက်ချသာသွားနော်
အိမ်ကိုဘာမှစိတ်မပူနဲ့ညမလေးကိုလဲ
သမီးစောင့်ရှောက်ထားလိုက်ပါ့မယ် မေမေလဲရှိတာပဲဖေဖေစိတ်ဖြောင့်ဖြောင့်သာအလုပ်ကိုသွားပါ""ဟုတ်ပါပြီ ကဲ့ဒါဆိုဖေဖေသွားပြီနော်"
ဦးကောင်းထွက်သွားသည်နှင့်မာယာခင်
မဲ့ပြုံးပြုံးလိုက်ရင်း"တွေ့ကြသေးတာပေါ့မိတေးရယ်"
❤❤❤❤❤
"ကိုကို ကလေးကိုချစ်လားဟင်"
ရင်ခွင်ထက်သို့ခေါင်းလေးမှီကာမေးလာသူလေးကို
နွေးထွေးစွာကြင်ကြင်နာနာဖက်လိုက်ရင်း"ချစ်တာပေါ့ကလေးလေးရယ်
ကိုကို့ဘဝကြီးနဲ့ကိုရင်းပြီးချစ်တာ ""တကယ်လို့ကလေးလေးမရှိတော့ရင်ရော"
"မဟုတ်တာကလေးလေးရယ်ပေါက်ကရတွေ
မပြောရဘူးလေ"" ကလေးမေးတာပဲဖြေပါအကြောင်းတခုခုကြောင့်ကလေးလူ့လောကကြီးထဲကထွက်သွားရရင်
ကိုကိုဘာလုပ်မှာလဲလို့ ""ကိုကိုမသိဘူး ကလေးနဲ့တဘဝလုံးအတူတူနေသွားဖို့ပဲ
စဥ်းစားထားတာအဲ့လိုအဓိပါယ်မရှိတာတေကို
ကိုကိုမတွေးဘူးဘူး
ကေလးလဲမတွေးရဘူး သေချာတာတခုကကလေးသာမရှိရင်ကိုကိုလဲမရှိနိုင်ဘူးဆိုတာ"ပြောရင်းတေးကိုယ်လေးကိုမဟာပို၍တင်းတင်းလေးဖက်ထားမိသည်
"အင်းပါကိုကိုရယ်ကလေးကလဲဒီတိုင်းပဲမေးကြည့်တာပါ စိတ်ထဲမထားနက်နော်ကိုကို"
မဟာ့ပါးလေးကိုလက်လေးဖြင့်အသာကိုင်ရင်း
နုတ်ခမ်းလေးကိုခပ်ဖွဖွလေးနမ်းလိုက်သည်" ကလေးလေး"
" ရှင်"
" ကိုကိုတို့လက်ထပ်ကြရအောင်လေနော်"
" အင်းပကိုကိုရယ်ကလေးအိမ်ပြန်ရောက်ရင်ဖေဖေကိုအကြောင်းဆုံပြောပြလိုက်ပြောပြလိုက်ပါ့မယ်နော်
ဟုတ်ပြီလား"