"ဟင် ရှင်မအိပ်ဘူးလားဘယ်လို့လုပ်ဒီ.ဒီ"
တံခါးဖွင့်လိုက်ချိန်ရေချိုးခန်းအဝမှာရပ်၍စောင့်နေသောမဟာကိုမြင်၍တေးတယောက်လန့်သွားကာရင်တေခုန်လာသည်
"ရေချိုးမလို့စောင့်နေတာလေ မင်းဝင်သွားတာတော်တော်ကြာတယ်နော် တခုခုဖြစ်နေတာထင်လို့ငါတောင်ဝင်လာတော့မလို့"
" အို့ တေးဘာမှမဖြစ်ပါဘူးခရီးပန်းလာလို့ ရေအကြာကြီးချိုးမိယုံပါ"
" ဟုတ်လို့လား"
မဟာပြောရင်တေးနားသို့တဖြည်းဖြည်းတိုးလာရင်တေးကိုယ်လေးက်ိုနံရံမှာကပ်ကာလက်ထောက်ထားလိုက်
သဖြင့်တေးမျက်နှာလေးနီရဲ့လာ၍ရင်တွေတဒုတ်ဒတ်နှင့်ခုန်လာလေသဖြင့်ခေါင်းလေးကိုအောက်ငုံ့ထားလိုက်သည်" ရှင်.ရှင်ဘာလုပ်မလို့လဲ ဖယ်ပါတခြားသူတေမြင်သွားရင်မကောင်းဘူး"
" ဒီအခန်းထဲမှာမင်းနဲ့ငါနဲ့ပဲရှိတာလေဘယ်သူမြင်ရမှာတုန်းငါမင်းကိုတခုခုလုပ်လိုက်ရင်တောင်ဘယ်သူသိလိုက်မှာမဟုတ်ဘူး"
" ရှင်နော်မဟုတ်တာလုပ်ရင်တေးအော်လိုက်မှာ"
ပြောရင်းကိုယ်လေးတဆပ်ဆပ်တုန်နေသောတေးကိုကြည့်၍မဟာတယောက်သဘောကြစွာရယ်လိုက်ကာ
"မင်းအဲလောက်လဲကြောက်မနေပါနဲ့ငါကလူကြီးလူကောင်းတယောက်ပါခွင့်ပြုချက်မရင်ဘာမှမလုပ်ဘူးစိတ်ချ"
တေးဘာမျှမပြောလက်လေးနှစ်ဖက်ကိုသာကုတ်၍ခေါင်းလေးကိုငုံထားမြဲငုံ့နေလိုက်သည်
"ငါ့ကစတာပါကွာမင်းအဲ့လောက်ထိဖြစ်နေစရာမလိုပါဘူး မင်းအဝတ်လဲမလိုမလားသွားလဲငါ့လဲရေချိုးလိုက်အုံးမယ် အော်ပြီးတော့ညစာအပြင်ထွက်စားမှာမလို့လှလှလေးပြင်ထားဖို့မမေ့နဲ့နော်"
မဟာပြောရင်းရေချိုးခန်းတံခါးပိတ်သွားတော့မှာတေးတယောက်သက်ပြင်းချရတော့သည်
(ရှင်ကြီးအဲ့လိုသာဆက်လုပ်နေရင်ကျွန်မရှင်ကြီးကြောင့်နှလုံးရောဂါရနိုင်တယ်ဆိုတာ ရှင်ကြီးသိရဲ့လား )ခုန်နေတဲ့ရင်ဘတ်လေးကိုအသာဖိရင်းတေးတယောက်မသိစိတ်ကရေရွှတ်နေမိ၏